ထိုအဖြစ်အပျက်ဖြစ်ပွားပြီးနောက် သမ္မတ မီဂဲလ်ဒီအားကာနေး (Miguel Diaz-Canel) ကလည်း “ကြာမြင့်စွာ မီးပြတ်တောက်မှုများကြောင့် ကျွန်ုပ်တို့ပြည်သူများ မကျေနပ်မှုများဖြစ်ပေါ်နေပါသည်” ဟု လူမှုကွန်ရက် X ပေါ်တွင်ဝန်ခံပြောကြားထားပြီး အကြမ်းဖက်မှုကို “မည်သည့်အခါမျှ နားလည်ပေးနိုင်မည်မဟုတ်၊ တရား သည်ဟုပြောမည်လည်းမဟုတ် သို့မဟုတ် ခွင့်ပြုမည်လည်းမဟုတ်” ဟု သတိပေးသွားသည်။

အမေရိကန်၏ရေနံပိတ်ဆို့ဒဏ်ခတ်မှုနှင့်ဆက်စပ်နေသည့် နောက်ဆုံးဖြစ်ပေါ်ခဲ့သော လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြောင့် ကွန်မြူနစ်ကျွန်းမှာအမှောင်ထုအတွင်းကျရောက်နေချိန်တွင် ထရမ့်က သူ့အနေနှင့် ကျူးဘားကို “ရယူမည်” ဟု တနင်္လာနေ့က ကတိပြုပြောကြားလိုက်သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/17/85207

#ကျူးဘား
#ကွန်မြူနစ်ပါတီရုံးခန်း
#တိုက်ခိုက်မှု
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews

Comments

Be the first to add a comment