တရုတ်စစ်ဘက်သုံး ဒရုန်းကြီးတစင်းသည် လွန်ခဲ့သည့် လအနည်းငယ်အတွင်း တောင်တရုတ်ပင်လယ်ပေါ်တွင် ပုံမှန်ပျံသန်းမှုများ ပြုလုပ်ခဲ့ပြီး ထိုသို့ပျံသန်းရာတွင် ဒဏ်ခတ်ပိတ်ဆို့ခံထားရသော ဘီလာရုစ်နိုင်ငံပိုင် ကုန်တင်လေယာဉ်နှင့် ဗြိတိန်နိုင်ငံထုတ် Typhoon တိုက်လေယာဉ်များအပါအဝင် အခြားသော လေယာဉ်များဟု ထင်ယောင်ထင်မှားဖြစ်စေရန် လေကြောင်းအချက်ပြမှုအတုများကို ထုတ်လွှင့်ခဲ့သည်။
ထိုပျံသန်းမှုများသည် အငြင်းပွားဖွယ် တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံ၏ မီးခိုးရောင်ဇုန်နည်းဗျူဟာများတွင် အဆင့်သစ်တခုသို့ ကူးပြောင်းလာခြင်းကို ပြသနေဖြစ်ပြီး တရုတ်နိုင်ငံမှ ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်လာပါက အသုံးပြုမည့် လှည့်စားစွမ်းရည်များကို စမ်းသပ်နေခြင်းဖြစ်နိုင်ကြောင်း အဆိုပါ စစ်ဆင်ရေးများကို စောင့်ကြည့်လေ့လာနေသည့် စစ်သံမှူးများနှင့် လုံခြုံရေးဆိုင်ရာ ခွဲခြမ်းစိတ်ဖြာသူများက သုံးသပ်ကြသည်။
သတင်းအပြည့်အစုံ -
https://bur.mizzima.com/2026/02/28/83264