Mizzima
အီရန်အမျိုးသမီး ဘောလုံးသမား ၅ ဦး သြစတြေးလျမှာ ခိုလှုံခွင့် တောင်းခံ
itvNews
အီရန် အမျိုးသမီး ဘောလုံးအသင်းက ကစားသမား ငါးဦး အသင်းရဲ့လေ့ကျင့်ရေးစခန်းကနေ ထွက်ခွာသွားပြီး သြစတြေးလျနိုင်ငံမှာ ခိုလှုံခွင့် တောင်းခံလိုက်ပြီလို့ အီရန်ရှားဘုရင်ဟောင်းရဲ့ သားဖြစ်သူက ပြောပါတယ်။
အဆိုပါကစားသမား ငါးဦးကို တနင်္လာနေ့အစောပိုင်းမှာပဲ သူတို့တည်းခိုရာ Gold Coast ဟိုတယ်ကနေ သြစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့နဲ့ တခြားအာဏာပိုင်တွေ စီမံပေးတဲ့ လုံခြုံဘေးကင်းရာနေရာကို ရွှေ့ပြောင်းပေးလိုက်ပြီလို့ ITV News ရဲ့ မိတ်ဖက် CNN က ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့အပတ်က AFC အမျိုးသမီး အာရှဖလားပြိုင်ပွဲရဲ့ ပထမဆုံးပွဲစဉ်အစမှာ နိုင်ငံတော်သီချင်း မသီဆိုဘဲ ငြိမ်သက်နေခဲ့တဲ့အတွက် အီရန်အစိုးရအဖွဲ့ဝင်တွေက သူတို့ကို သစ္စာဖောက်တွေလို့ တံဆိပ်ကပ်ခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်းမှာ ကစားသမားတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်မှုတွေ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
ကြာသပတေးနေ့ ကစားခဲ့တဲ့ ဒုတိယပွဲစဉ်နဲ့ ဖိလစ်ပိုင်ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်တွေမှာတော့ အသင်းကို နိုင်ငံတော်သီချင်း အတင်းအကျပ် သီချင်းဆိုခိုင်းခဲ့သလို အလေးပြုခိုင်းတာမျိုးတွေပါ…
Comments
Be the first to add a comment