Mizzima
အတုအယောင်နိုင်ငံရေးထွက်ပေါက်များကို တန်ပြန်ရန်နှင့် ဖက်ဒရယ်ဦးဆောင်ကောင်စီ အမြန်ပုံဖော်ရန် NUG ယာယီသမ္မတ တိုက်တွန်း
မောင်ခက်နွေ
မဇ္ဈိမ။ ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက အာဏာသိမ်းစစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲနှင့် ၎င်းတို့၏ အတုအယောင် လွှတ်တော်မှတဆင့် နိုင်ငံတကာအသိအမှတ်ပြုမှုရယူရန် ကြိုးပမ်းနေမှုများကို အထူးသတိထား တန်ပြန်ကြရန်နှင့် တိုင်းရင်းသားမဟာမိတ်များနှင့် ပူးပေါင်း၍ ဖက်ဒရယ်ဒီမိုကရေစီဦးဆောင်ကောင်စီ ပေါ်ပေါက်ရေး အားသွန်ကြိုးပမ်းကြရန် ယနေ့ တိုက်တွန်းလိုက်သည်။
ယနေ့ (မတ်လ ၁၆ ရက်) နံနက်ပိုင်းက ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် နဝမအကြိမ်မြောက် အစည်းအဝေးတွင် ပြောကြားသည့် မိန့်ခွန်း၌ NUG ယာယီသမ္မတက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
စစ်ကော်မရှင်သည် အတုအယောင်ရွေးကောက်ပွဲမှတဆင့် နိုင်ငံတကာကို မျက်လှည့်ပြရန် ကြိုးစားနေပြီး နိုင်ငံတကာအသိအမှတ်ပြုမှုကို နည်းလမ်းမျိုးစုံဖြင့်ရယူရန် ပြင်ဆင်နေကြောင်း NUG ယာယီသမ္မတက သတိပေးသည်။
၎င်းက “ဒါတွေကို ကျွန်တော်တို့အနေနဲ့ သမားရိုးကျ ဖြစ်ရပ်လို့ မယူဆဘဲ၊ လေးလေးနက်နက် တွေးဆပြီး တန်ပြန်တုံ့ပြန်နိုင်ဖို့…
Comments
Be the first to add a comment