မဇ္ဈိမ ။ ။ စစ်ကော်မရှင် လွတ်ငြိမ်းဖြင့် ကလေးမြို့နယ်၊ မော်လိုက်ကလေးထောင်မှ အကျဥ်းသား ၁၁၅ ဦး လွတ်မြောက်ပြီး ၎င်းအထဲတွင် နိုင်ငံရေးအကျဥ်းသား ၈၁ ဦးနှင့် နိုင်ငံရေးအကျဥ်းသူ ၂၅ ဦး စုစုပေါင်း ၁၀၆ ဦး ပါဝင်ကြောင်း လွတ်မြောက်လာသူများထံက သိရသည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) နှင့် ပုဒ်မ ၅၂(က) ဖြင့် ဖမ်းဆီးခံရသူ ၇,၃၃၇ဦး နှင့် အခြားပြစ်မှုများဖြင့် အကျဥ်းကျခံနေရသူ ၂,၈၂၅ဦး စုစုပေါင်း ၁၀,၁၆၂ဦး တို့ကို ယနေ့ (မတ်လ၂ရက်) နေ့တွင်ကျရောက်သည့် တောင်သူလယ်သမားနေ့တွင် စစ်ကော်မရှင်က လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ခြင်းဖြစ်သည်။
“လွတ်ရင် အရမ်းပျော်မယ်ထင်ထားတာ တကယ့်တကယ်တော့ မပျော်ဘူး ။ ဟာတာတာကြီးဖြစ်နေ တယ်။ သူငယ်ချင်းတွေ အများကြီးကျန်ခဲ့သေးတော့ လွတ်လွတ်လပ်လပ်မပျော်ပါဘူး။ အိမ်ကို အရင် မပြန်သေးဘဲ သူတို့အတွက် တခုခုဝယ်ခြမ်းပေးချင်သေးတယ်” ဟု လွတ်မြောက်လာသည့် နိုင်ငံရေး အကျဥ်းသားတဦးက မဇ္ဈိမ ကို ပြောသည်။ Read more:
https://bur.mizzima.com/2026/03/02/83554