ထရမ့်သည် နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်စတင်ရန်နှင့် အမေရိကန်-တရုတ် ကုန်သွယ်မှု ယာယီသဘောတူညီချက် သက်တမ်းတိုးရန်အတွက် မတ်လ ၃၁ ရက်မှ ဧပြီလ ၂ ရက်နေ့အထိ ပေကျင်းမြို့သို့ သွားရောက်ရန် စီစဉ်ထားသော်လည်း အီရန်ပဋိပက္ခကြောင့် ထိုခရီးစဉ်မှာ ပျက်ပြားသွားခဲ့ရသည်။
"စစ်ပွဲဖြစ်နေတဲ့အတွက် ကျွန်တော် ဒီမှာပဲ ရှိနေချင်တယ်၊ ရှိနေရမယ်လို့လည်း တွေးမိတယ်။ ဒါကြောင့် ခရီးစဉ်ကို တလလောက် ရွှေ့ဆိုင်းဖို့ ကျွန်တော်တို့ တောင်းဆိုထားပါတယ်" ဟု ထရမ့်က အိမ်ဖြူတော်တွင် တရုတ်ခရီးစဉ်နှင့် ပတ်သက်၍ သတင်းထောက်များအား ဖြေကြားခဲ့သည်။
ထရမ့်က တရုတ်နှင့် ထိပ်သီးဆွေးနွေးပွဲ ရွှေ့ဆိုင်းနိုင်ခြေရှိကြောင်း တနင်္ဂနွေနေ့က Financial Times နှင့် အင်တာဗျူးတွင် ပထမဆုံး အရိပ်အမြွက် ပြောကြားခဲ့ပြီး ဆုံးဖြတ်ချက်သည် ဟော်မုဇ် ရေလက်ကြားပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တရုတ်က ကူညီခြင်း ရှိ၊ မရှိ အပေါ်တွင် မူတည်နိုင်ကြောင်း ပြောသည်။
♦️ သတင်းအပြည့်အစုံကို -
https://bur.mizzima.com/2026/03/17/85198#အရှေ့အလယ်ပိုင်းစစ်ပွဲ
#ယာယီသဘောတူညီချက်
#ဒေါ်နယ်ထရမ့်
#ဟော်မုဇ်ရေလက်ကြား
#ရှီကျင့်ဖျင်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews