Mizzima
အချို့ကမူ အရေးယူ ထိန်းကျောင်းမှုများ ဆောင်ရွက်ရမည့်သူများက "အိပ်ပျော်နေကြသည်" ဟု အလုပ် မလုပ်သည့်သဘော ရည်ညွှန်းပြောဆိုကြပြီး သတိပေးချက်များသာ ထပ်တလဲလဲ ထုတ်နေသော်လည်း ဥပဒေစိုးမိုးရေးအတွက် အရေးတယူ ကြိုးပမ်းမှုများကမူ အလွန်နှေးကွေးလွန်းပြီး ထိရောက်မှု မရှိခြင်းအကြောင်း ပြောဆိုကြသည်။
မြန်မာနိုင်ငံသားများနှင့် ပတ်သက်သည့် အမှုတွဲများ သိသိသာသာ မြင့်တက်လာကြောင်း NGO အဖွဲ့အစည်းများကလည်း အစီရင်ခံ ထုတ်ပြန်ထားကြသည်။ ၂၀၂၂ ခုနှစ်တွင် ကူညီပေးရသည့် မြန်မာအလုပ်သမားများနှင့် ပတ်သက်သော အမှုတွဲ တခုသာ ရှိခဲ့သော်လည်း ၂၀၂၅ ခုနှစ်တွင် အမှုတွဲပေါင်း ၁၃၁ ခုအထိ ရှိလာခဲ့ကြောင်း Transient Workers Count Too (TWC2) ၏ အချက်အလက်များက ဖော်ပြသည်။ အလားတူ Humanitarian Organisation for Migration Economics (HOME) အဖွဲ့အစည်းကလည်း ၂၀၂၂ ၌ အမှုတွဲ ၁၂၀ ကျော် ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် အမှုတွဲ ၃၅၀ နီးပါးအထိ တိုးလာကြောင်း အစီရင်ခံ ထုတ်ပြန်ထားသည်။
♦
သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#စင်ကာပူ
#မြန်မာများ
#အလုပ်သမားဝန်ကြီးဌာန
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
Comments
Be the first to add a comment