MNDAA နှင့် TNLA ညီနောင်အဖွဲ့ကြား ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးရန်နှင့် လိုအပ်ပါက ကူညီပံ့ပိုးမည်ဟု NUCC ကမ်းလှမ်း

မောင်ခက်နွေ

မဇ္ဈိမ ။ ။ ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့် လက်နက်ကိုင်တိုက်ပွဲများ ချက်ချင်းရပ်တန့်ရန် နှင့် နိုင်ငံရေးအရ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးရန် NUCC က တိုက်တွန်းသည်။

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ထိုညီနောင်နှစ်ဖွဲ့အကြား နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖြေရှင်းရာတွင် လိုအပ်ပါက ကူညီပံ့ပိုးရန် အသင့်ရှိနေကြောင်းလည်း ယမန့်နေ့(မတ်လ ၁၄ ရက် ) က ထုတ်ပြန်ကမ်းလှမ်းထားသည်။

“နိုင်ငံရေးအရ ညှိနှိုင်းဖြေရှင်းတာမျိုးပဲ လုပ်ကြရမှာ ဖြစ်ပါတယ်။ လိုအပ်လို့ရှိရင်တော့ NUCC အနေနဲ့ နှစ်ဖက်စလုံးနဲ့ ညှိနှိုင်းဆောင်ရွက်ပေးဖို့ အသင့်ရှိနေပါတယ်” ဟု NUCC ကောင်စီဝင် ဦးတိုးကျော်လှိုင်က ဆိုသည်။

TNLA ၏ နိုင်ငံရေးအဖွဲ့ဖြစ်သည့် TLC သည် NUCC ၏ အဖွဲ့ဝင်ဖြစ်သည့်အတွက် ညှိနှိုင်းရန် လမ်းစရှိနေပြီး အောက်ခြေတပ်မှူးများအနေဖြင့် အမြန်ဆုံး ထိန်းသိမ်းကိုင်တွယ်ကြရန်လည်း ၎င်းက တိုက်တွန်းသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ၊…

Comments

Be the first to add a comment