ကန့်လန့်ကာနောက်ကလူ-သတ်သမား⭐️

အညွှန်းဖတ်ရန်
⬇️⬇️
​ဒေါက်တာ ဟယ်လင် ဟတ်ဒ်ဆန် ဟာ စိတ္တဇလူသတ်သမားတွေရဲ့ စိတ်နေသဘောထားကို သုတေသနပြုတဲ့ နာမည်ကြီး ရာဇဝတ်စိတ်ပညာရှင်တစ်ဦးပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ သူမရဲ့ လူသတ်သမားအကြောင်း ဟောပြောပွဲတစ်ခုအပြီးမှာ စိတ္တဇလူသတ်သမားတစ်ဦးရဲ့ လုပ်ကြံသတ်ဖြတ်မှုကို သီသီလေး လွတ်မြောက်ခဲ့ရပါတယ်။ ဒီဖြစ်ရပ်ဆိုးကြောင့် ဟယ်လင်ဟာ စိတ်ဒဏ်ရာအပြင်းအထန်ရသွားပြီး အပြင်လောကနဲ့ အဆက်အသွယ်ဖြတ်ကာ အိမ်ထဲကအိမ်ပြင်မထွက်ရဲတဲ့ စိတ်ရောဂါ စွဲကပ်သွားပါတော့တယ်။
​၁၃ လအကြာမှာတော့ ဆန်ဖရန်စစ္စကိုမြို့မှာ ထူးဆန်းတဲ့ လူသတ်မှုတွေ ဆက်တိုက်ဖြစ်ပွားလာပါတယ်။ ထူးခြားတာက အဲဒီလူသတ်မှုတွေဟာ သမိုင်းမှာ နာမည်ကျော်ခဲ့တဲ့ စိတ္တဇလူသတ်သမားကြီးတွေ ရဲ့ သတ်ဖြတ်ပုံ နည်းစနစ်တွေကို ပုံတူကူးချ ပြီး သတ်နေတာပဲ ဖြစ်ပါတယ်။
​ဒီအမှုကို စုံစမ်းစစ်ဆေးနေတဲ့ ရဲမေ အမ်ဂျေ မိုနာဟန် နဲ့ သူမရဲ့လက်တွဲဖော် ရုဗင် (တို့ဟာ အိမ်ထဲကအိမ်ပြင်မထွက်တဲ့ ဒေါက်တာ ဟယ်လင်ဆီမှာ အကူအညီတောင်းဖို့ ရောက်ရှိလာပါတော့တယ်။ လူသတ်သမားက ဟယ်လင်ရဲ့ သုတေသနစာအုပ်တွေကို အသုံးချပြီး သူမကို စိန်ခေါ်နေတာဖြစ်သလို၊ နောက်ထပ်ပစ်မှတ်ကလည်း ဟယ်လင်ကိုယ်တိုင် ဖြစ်လာတဲ့အခါမှာတော့... ဟယ်လင်တစ်ယောက် သူမရဲ့ ကြောက်စိတ်တွေကို ကျော်လွှားပြီး ရဲတွေနဲ့အတူ လူသတ်သမားကို ဘယ်လိုဖော်ထုတ်ဖမ်းဆီးမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ကြည့်ရန်🔽⬇️
https://t.me/NaytoeCar/4924

🍿ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

🤩 https://t.me/addlist/fK1TGyQZgBdkODQ9

Comments

Be the first to add a comment