အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်နေသော စစ်ပွဲကြောင့် လောင်စာဆီပြတ်လပ်မှုတို့ ပိုမိုဆိုးရွားလာခြင်းက ထိုင်းနိုင်ငံရှိ ဈာပနအခမ်းအနားများအပေါ်တွင်လည်း ခြိမ်းခြောက်မှုဖြစ်လာနေပြီး ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများအနေဖြင့် မီးသင်္ဂြိုဟ်ရန်အတွက် လိုအပ်သော ဒီဇယ်ဆီ ရရှိရန် ရုန်းကန်နေကြရသည်။

မီးသင်္ဂြိုဟ်ခြင်းလုပ်ငန်းများကို ရပ်နားထားရနိုင်သည့် အခြေအနေ အမှန်တကယ် ဖြစ်လာနိုင်သည်ဟု ဘန်ကောက်မြို့ အရှေ့ဘက် မိုင် ၅၀ ခန့်အကွာ ချာချိုအင်ဆောင်ပြည်နယ်ရှိ ဝပ်စမန်ရတနာရမ်ကျောင်းတိုက်မှ ဆရာတော်က သတိပေးသည်။ အချို့သော ဆီဆိုင်များတွင် ဆီပြတ်လပ်နေပြီး အချို့ဆိုင်များမှာလည်း ယာဉ်မောင်းသူများကိုသာ ရောင်းချပေးနေတော့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်စစ်ပွဲ
#လောင်စာဆီပြတ်လပ်မှုဒဏ်
#ထိုင်းနိုင်ငံ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews

Comments

Be the first to add a comment