ပရီးမီးယားလိဂ် ဒိုင်လူကြီးဟောင်း ဒေးဗစ်ကုတ်ဟာ သူကိုယ်တိုင် လိင်တူချစ်သူဖြစ်ကြောင်းကို လူသိရှင်ကြား ထုတ်ဖော်ပြောကြားလာခဲ့ပြီး သူ့ရဲ့ လိင်စိတ်တိမ်းညွတ်မှုကို ဖုံးကွယ်ဖို့ ရုန်းကန်ခဲ့ရတာဟာ ပြီးခဲ့တဲ့နှစ်က ရာထူးကနေ ထုတ်ပယ်ခံရတာအထိ ဖြစ်စေခဲ့တဲ့ အငြင်းပွားဖွယ်ရာ အပြုအမူတွေအတွက် တစိတ်တပိုင်း တာဝန်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။

လီဗာပူးလ်အသင်း မန်နေဂျာဟောင်း ဂျာဂန်ကလော့ပ်နဲ့ ပတ်သက်လို့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ရိုင်းပြစွာ စော်ကားပြောဆိုနေတဲ့ ဗီဒီယိုတခု ပျံ့နှံ့လာပြီးနောက် ကုတ်ဟာ နိုဝင်ဘာလမှာ ရာထူးကနေ ဆိုင်းငံ့ခံခဲ့ရပါတယ်။ အင်္ဂလန် ဒိုင်လူကြီးများအဖွဲ့ချုပ်ရဲ့ စုံစမ်းစစ်ဆေးမှုအပြီး ဒီဇင်ဘာလမှာ ကုတ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။ သတင်းအပြည့်အစုံဖတ်ရန် >> https://bur.mizzima.com/2025/01/28/45074

Comments

Be the first to add a comment