PP LINK UPLOAD
အလုပ်သမားတွေကိုလာမစနဲ့မီးပွင့်သွားမယ်
📺
အညွှန်းဖတ်ရန်
⬇️
⬇️
ချန်နိုင်းမြို့မှာ အဆောင်တစ်ခု ဖွင့်ထားတဲ့ Deva (Rajinikanth) ဟာ အေးအေးဆေးဆေး နေထိုင်နေတဲ့သူတစ်ယောက်ပါ။ တစ်နေ့မှာတော့ သူ့ရဲ့ သူငယ်ချင်းဖြစ်သူ Rajasekhar (Sathyaraj) သေဆုံးသွားခဲ့ပါတယ်။ ဒါပေမယ့် Deva က ဒါဟာ ရိုးရိုးသေဆုံးတာမဟုတ်ဘူးလို့ သံသယဝင်ခဲ့ပါတယ်။
စုံစမ်းကြည့်တဲ့အခါမှာတော့ Rajasekhar ကို Simon (Nagarjuna) ဆိုတဲ့ လူမိုက်ခေါင်းဆောင်က လူသတ်ဖို့အတွက် ဖိအားပေး အသုံးချခဲ့တာကို သိလိုက်ရပါတယ်။ အဲ့ဒီအချိန်မှာပဲ Dayal (Soubin Shahir) ဆိုတဲ့သူက Rajasekhar ရဲ့ သမီးဖြစ်သူ Preethi (Shruti Haasan) ကို ပြန်ပေးဆွဲဖို့ ကြိုးစားလာတဲ့အခါ Deva က ဝင်ကယ်ခဲ့ရပါတယ်။ Preethi ကို ဆက်လက် ကာကွယ်ဖို့အတွက် Deva တစ်ယောက် Simon ရဲ့ ဂိုဏ်းထဲကို မဖြစ်မနေ ဝင်ရောက်ခဲ့ရပါတော့တယ်။
ဂိုဏ်းထဲရောက်သွားတဲ့အခါ Simon က Deva ကို Dayal ကို သတ်ဖို့ ခိုင်းပါတော့တယ်။ ဒါပေမယ့် တကယ့်တကယ်ကျတော့ Dayal ဟာ ရိုးရိုးလူမိုက်မဟုတ်ဘဲ Dilip လို့ခေါ်တဲ့ Undercover ရဲတစ်ယောက် ဖြစ်နေခဲ့ပါတယ်။ အခြေအနေတွေက မျှော်လင့်မထားဘဲ ပြောင်းလဲသွားပြီး Dayal က Preethi ကို အသုံးချကာ Deva ကို ခြိမ်းခြောက်ပြီး ရာဇဝတ်မှုတွေ ကျူးလွန်ခိုင်းပါတော့တယ်။
ရွှေမှောင်ခိုလောကထဲက အကွက်ဆင်မှုတွေ၊ ရဲတွေရဲ့ လျှို့ဝှက်စစ်ဆင်ရေးတွေနဲ့ သစ္စာဖောက်မှုတွေကြားမှာ Deva တစ်ယောက် ဘယ်လိုတွေ ရင်ဆိုင်ဖြေရှင်းသွားမလဲ။ Simon ရဲ့ လက်ကနေရော Preethi ကို အောင်မြင်စွာ ကယ်တင်နိုင်ပါ့မလား ဆိုတာကို Lokesh Kanagaraj ရဲ့ ထုံးစံအတိုင်း အက်ရှင်အမိုက်စားတွေ၊ ဇာတ်ကွက်အလှည့်အပြောင်းတွေနဲ့ အားရပါးရ ကြည့်ရှုရမယ့် ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။
မှတ်ချက်: ဘောလိဝုဒ်မင်းသားကြီး Aamir Khan ကလည်း ဒီဇာတ်ကားမှာ ဇာတ်ကွက်အတွက် အရေးပါတဲ့ နေရာကနေ Cameo အနေနဲ့ ပါဝင်အားဖြည့်ထားပါသေးတယ်။
ကြည့်ရန်
🔽
⬇️
https://t.me/c/3956649250/1092
ချန်နယ်အရင်Joinပါ
⬇️
🔽
https://t.me/+uapT4wtaLq9kYjll
Comments
Be the first to add a comment