စစ်ခေါင်းဆောင်မိသားစု ထိုင်းတွင် ဘတ် ၉၈ သန်းတန် ဇိမ်ခံအိမ်ရာ ဝယ်ယူမှု JFM ဖော်ထုတ်

001

မဇ္ဈိမ။ ။ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊ ဘန် ကောက်မြို့ရှိ Issara Residence Rama 9 အိမ်ရာစီမံကိန်းတွင် ဘတ် ၉၈ သန်း (အမေရိကန်ဒေါ်လာ ၃ သန်းနီးပါး) တန်ဖိုးရှိ ဇိမ်ခံအိမ်ရာ တလုံး ဝယ်ယူခဲ့မှုကို ဖော်ထုတ်နိုင်ခဲ့ကြောင်း Justice for Myanmar (JFM)က ယနေ့ (မတ် ၂၅) တွင် ထုတ်ပြန်သည်။

စစ်အုပ်စုက ပြည်သူများအပေါ် အကြမ်းဖက်စစ်ဆင်ရေး အရှိန်မြှင့် လုပ်ဆောင်လာသည့် ၂၀၂၂ ခုနှစ်အတွင်း စစ်ခေါင်းဆောင်၏ သားနှင့်ချွေးမဖြစ်သူတို့သည် ဘန်ကောက်မြို့ရှိ တန်ဖိုးကြီးဇိမ်ခံအိမ်ရာတခုကို ဝယ်ယူခဲ့ခြင်းဖြစ် ကြောင်း ဖော်ပြသည်။

ယင်းဝယ်ယူမှုကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခံထားရခြင်းမရှိသေးသည့် စစ်ခေါင်းဆောင်၏ ချွေးမဖြစ်သူ မျိုးရတနာထိုက်၏အမည်ဖြင့် ညှိနှိုင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း JFM က ပြောသည်။

ထိုအိမ်ရာကို ထိုင်းစတော့အိတ်ချိန်းစာရင်းဝင် Charn Issara Development Public Company Limited မှ ရောင်းချခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံသား သုံးဦးပိုင်ဆိုင်သော…

Comments

Be the first to add a comment