အဆိုပါ ယာယီအဖွဲ့အစည်းကို ယနေ့ (မတ်လ ၁ ရက်) နှောင်းပိုင်းတွင် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း အီရန်အမျိုးသားလုံခြုံရေးကောင်စီ၏ အတွင်းရေးမှူး အလီလာရီဂျာနီက ပြောသည်။

အီရန်ထိပ်ပိုင်းခေါင်းဆောင်များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြင့် "ရန်သူများ၏ ရည်မှန်းချက်များ" အောင်မြင်သွားမည်မဟုတ်ဘဲ ယင်းလုပ်ရပ်သည် ပြည်တွင်းစည်းလုံးညီညွတ်မှုကို ပိုမိုခိုင်မာစေကာ ပြတ်သားသော တုံ့ပြန်မှုများကိုသာ ဖြစ်ပေါ်စေလိမ့်မည်ဟု လာရီဂျာနီက ပြောကြားကြောင်း Tasnim သတင်းဌာနက ကိုးကားဖော်ပြခဲ့သည်။

"အီရန်လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ နိုင်ငံကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် ကြိုးပမ်းမှုမှန်သမျှကို ဆန့်ကျင်တိုက်ခိုက်သွားမှာဖြစ်ပြီး ရန်သူတွေရဲ့ အစီအစဉ်တွေကိုလည်း ပျက်ပြားအောင် လုပ်ဆောင်သွားမှာပါ" ဟု လာရီဂျာနီက ဆိုသည်။

♦️ သတင်းအပြည့်အစုံ- https://bur.mizzima.com/2026/03/01/83414

#ခါမေနီ
#အီရန်
#ယာယီဦးဆောင်ကောင်စီ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews

Comments

Be the first to add a comment