အငြင်းပွားဖွယ်ရာ တောင်တရုတ်ပင်လယ်အတွင်းရှိ ဖိလစ်ပိုင်နိုင်ငံ၏ မဟာဗျူဟာမြောက် အရေးအပါဆုံး ကင်းစခန်းသို့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့လေယာဉ် ဆင်းသက်စဉ် ၎င်းတို့၏ ဖုန်းများတွင် "Welcome to CHINA" (တရုတ်နိုင်ငံမှ ကြိုဆိုပါသည်) ဟူသော roaming သတိပေးစာ ပေါ်လာခဲ့သည်။

ထိုလေယာဉ်ပေါ်တွင် တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ လုပ်ရပ်များကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိသည့် အထက်လွှတ်တော်အမတ် ရီဆာ ဟွန်တီဗီရော့စ် နှင့် ကမ်းခြေစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျေး တာရီယဲလားတို့ ပါလာကြသည်။

ဖိလစ်ပိုင်အရာရှိများသည် စနေနေ့ (ဖေဖော်ဝါရီ ၂၁) တွင် ကျွန်းပေါ်သို့ ဆင်းသက်ပြီးနောက် ကျွန်းနေပြည်သူများနှင့် တွေ့ဆုံကာ သီတုကျွန်းသည် "မိမိတို့သာ ပိုင်ကြောင်း" ထပ်လောင်း အတည်ပြုပြောခဲ့ကြသည်။ ထိုသို့ ပြောဆိုနေစဉ်မှာပင် တရုတ်ကမ်းခြေစောင့် သင်္ဘောများ၊ တရုတ်ရေတပ်သင်္ဘောတစီးနှင့် တရုတ်ငါးဖမ်းလှေအချို့မှာ ကမ်းခြေမှ လှမ်းမြင်နေရသည့် အကွာအဝေးတွင် ရှိနေခဲ့သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/24/82904

#ဖိလစ်ပိုင်
#Welcome_to_CHINA
#တောင်တရုတ်ပင်လယ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews

Comments

Be the first to add a comment