လူအယောက်၁၀၀ နဲ့ညီမျှသောစစ်သည်တော် ( သို့မဟုတ် ) ဘိုင်ရာဘာ 📺

အညွှန်းဖတ်ရန်
⬇️⬇️
ဟာရှာ ဆိုတဲ့ လူငယ်လေးဟာ ဆိုင်ကယ်စတန့် သမားတစ်ယောက်ပေါ့

ဆယ်ပေလောက် အမြင့် ဘားတန်းကို ကျော်ဖြတ်ကာ စွန့်စားနိုင်ခဲ့တဲ့ သူပါ တစ်နေ့မှာတော့ ဘန်ကောက်ပြိုင်ပွဲသွားရန်အတွက် လေဆိပ်ကို ကားငှါးစီးသွားခဲ့ပါတယ်

အဲဒီ အချိန်မှာ မိုးကလည်းသည်းလို့။ သူဟာ ကားဘေးဆီမှ လက်ဆန့်ထုတ်ပြီး မိုးရေစက်တွေကို ထိတွေ့လို့နေခဲ့ပါတယ် တစ်နေရာအရောက်မှာတာ့

သူ့လက်ကို လျှပ်စီးထိသလို ဖြစ်ခဲ့ပါတယ် ဟာရှာ အတွက်တော့ ဒါဟာ အတိတ်ဘ၀ဆီ ပြန်တွေးစေခဲ့တဲ့ နိမိတ်ပါ သူ့ကို လျှပ်စစ်စီးသလိုဖြစ်စေခဲ့တာကလည်း

ကောင်မလေးတစ်ယာက်ရဲ့လက်နဲ့
ထိတွေ့မိမှုကြောင့်ပါ ဒါကို ဟာရှာ
သိခဲ့တာကြောင့် အဲဒီကောင်မလေး
ကို ကားမှတ်တိုင်မှာပြန်ရှာဖို့ ကြိုးပမ်းခဲ့တယ်

အဲဒီကောင်မလေးနာမည်က အင်ဒီရာ တဲ့ သူမရဲ့အဖေနဲ့ ဦးလေး ကတော့ အမွေ ကိစ္စနဲ့ အမှု ရင်ဆိုင်နေကြရတယ် သူ့ဦးလေးမှာ သားတစ်ယောက်ရှိ၍ နာမည် ကတော့ ဒါရာဂူးဗား ဒါရာဂူးဗား ဟာ ရက်စက်ကြမ်းတမ်းသူတစ်ဦးဖြစ်ပြီး မိမိလိုချင်သည့်အရာအား မည့်သည့်နည်းနဲ့မဆို ရယူလေ့ရှိသည်

တစ်နေ့မှာတော့ ဒါရာဂူးဗား ဟာ အင်ဒီရာ ကိုတွေ့ပြီး ချစ်ကြိုက်မိသွားတော့တယ် အဲဒီချိန်မှာတော့ ဒါရာဂူးဗားဟာ အင်ဒီရာကို ရရှိဖို့ ကြိုးပမ်းပါတော့တယ် ဒါပေမဲ့ ဒါရာဂူးဗားဟာ အင်ဒီရာကို အသားတောင် ထိမရပါဘူး လူတစ်ဦးက ဓားနဲ့ ဟန့်သလိုလို ခံစားခဲ့ရတယ်

အဲဒီနောက် ဒါရာဟာ မကောင်းဆိုးဝါးဘုရင် ဂိုရာဆီ သွား၍ သူရဲ့အဖြစ်အပျက်ကို ဖြေရှင်းခိုင်းရာမှ သူ၏ အတိတ် နှစ် ၄၀၀ ဘ၀ကို မှတ်မိသွားခဲ့ပါတယ် အဲဒီနောက်မှာတော့ သူဟာ စုံစမ်းရင်း သူ၏ အတိတ်ရန်သူကား ဟာရှာ ဖြစ်ကြောင်း သိရှိခဲ့သည်။

ထို့နောက်မှာတော့ ???? ဒီဇာတ်ကားလေးဟာ အချစ် အလွမ်း အကြမ်း အရမ်းသာမက သူငယ်ချင်းကောင်းစိတ်ဓာတ် မင်းကောင်း မင်းမြတ်တွေရဲ့ကတိသစ္စာကိုလည်း တစ်စိတ်တစ်ဒေသ ဖော်ပြနိုင်စွမ်းရှိခဲ့ပါတယ်

ဟာရှာဟာ အင်ဒီရာကို ရှာဖွေတွေ့ရှိမည်လော အင်ဒီရာ ဟာရှာ ဒါရာဂူးဗား တို့ရဲ့ အတိတ်ကလဲ့စားတို့ကရော ပစ္စုပ္ပန် ရဲ့ ကစားလဲ့ချေခြင်းတို့ကရော မည်သို့ အဆုံးသတ်မည်နည်း ဟာရှာ ကို သတ်ဖို့ကြိုးစားသော ဒါရာရဲ့ အကြံအစည်တို့ကရော

အောင်မြင်ခဲ့မည်လော ဟာရှာ ကရော အတိတ်ရဲ့ ကလဲ့စားကို မည့်သို့ အဆုံးသတ်မည်နည်း အင်ဒီရာ ကရော အတိတ်ကို သိမြင်နိုင်စွမ်းရှိခဲ့မည်လော စသော မေးခွန်းများစွာနှင့် ရင်ခုန်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ

ကြည့်ရန်🔽⬇️
https://t.me/c/3361457401/2460

ချန်နယ်အရင်Joinပါ
⬇️🔽
https://t.me/+qw1ZYAEVAm8yZTBl

Comments

Be the first to add a comment