Breaking News

မင်းကိုနိုင်၏ မိခင် ဒေါ်လှကြည် ကွယ်လွန် (Breaking News)

မောင်ခက်နွေ

မဇ္ဈိမ ။ ။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၏ မိခင် ဒေါ်လှကြည်သည် မြောက်ဥက္ကလာပ ဆေးရုံတွင် ယနေ့( ဖေဖော်ဝါရီ ၂၇ ရက် ) ညနေပိုင်းက ကွယ်လွန်ကြောင်း မိသားစုနှင့် ရင်းနှီးသည့် သတင်းရင်းမြစ်တဦးက မဇ္ဈိမကို ပြောသည်။

“ဆုံးသွားပြီ။ ဒီနေ့ (ဖေဖော်ဝါရီ ၂၇ရက်) ညနေ ၄ နာရီ မိနစ် ၂၀ အချိန်မှာ မြောက်ဥက္ကလာပ ဆေးရုံကြီးမှာ ဆုံးတယ် ”ဟု ၎င်းက ဆိုသည်။

သူသည် သေဆုံးချိန်တွင် အသက် ၉၀ကျော် အရွယ်ရှိပြီဖြစ်ပြီး နှလုံးရောဂါဖြစ်ပွားနေသည်မှာ ကြာမြင့်နေပြီဟု သတင်းရင်းမြစ်က ဆိုသည်။ မည်သည့်ရောဂါဖြင့် သေဆုံးကြောင်း မဇ္ဈိမ အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပါ။

ဒေါ်လှကြည်သည် ၁၉၆၂ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် ဦးပေါ်ဦးထွန်း(ခ) မင်းကိုနိုင်ကို ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ မင်းကိုနိုင်သည် ပန်းချီဆရာကြီး ဦးသက်ညွန့်နှင့် ဒေါ်လှကြည်တို့၏ တတိယမြောက်သားဖြစ်သည်။

ဦးသက်ညွန့် ( အသက် ၉၄ နှစ်) မှာ ၂၀၁၉ ခုနစ်၊ ဇူလိုင်လကလူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

ဝေးကွာနေသည့် သားများနှင့် မိခင်များအကြောင်းရေးသားထားသည့်…

Comments

Be the first to add a comment