Mizzima
လက်ရှိချန်ပီယံ PSG၊ ရီးယဲလ်၊ အာဆင်နယ်နဲ့ စပိုတင်းတို့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တက်
ပါရီစိန်ဂျာမိန်း (PSG)၊ ရီးယဲလ်မက်ဒရစ်၊ အာဆင်နယ်နဲ့ စပိုတင်းလစ္စဘွန်း တို့ဟာ အင်္ဂါနေ့မှာ ကစားခဲ့တဲ့ ပွဲစဉ်တွေအပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကို အသီးသီး တက်လှမ်းသွားနိုင်ခဲ့ကြပါတယ်။
လက်ရှိချန်ပီယံ PSG အသင်းက လန်ဒန်မြေမှာ ချယ်လ်ဆီးကို ၃-၀ ဂိုးနဲ့ အလွယ်တကူ အနိုင်ယူခဲ့တာပါ။ ဒါကြောင့် ၁၆ သင်းအဆင့် နှစ်ကျော့ပေါင်းရလဒ် ၈-၂ ဂိုးနဲ့ အပြတ်အသတ် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ရီးယဲလ်မက်ဒရစ်ကတော့ မန်ချက်စတာစီးတီးကို အဝေးကွင်းမှာ ၂-၁ ဂိုးနဲ့ အနိုင်ယူခဲ့ပြီး နှစ်ကျော့ပေါင်း ၅-၁ ဂိုးနဲ့ အနိုင်ရရှိကာ နောက်တဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။
အာဆင်နယ်ကလည်း အီးမရိတ်ကွင်းမှာ လေဗာကူဆင်ကို ၂-၀ ဂိုးနဲ့ အနိုင်ယူခဲ့ပြီး နှစ်ကျော့ပေါင်း ၃-၁ ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ပါတယ်။
ပထမအကျော့တုန်းက ၃-၀ နဲ့ အနိုင်ရထားတဲ့ ဘိုဒိုဂလင့်ကို စပို့တင်းအသင်းက အိမ်ကွင်းမှာ မယုံကြည်နိုင်စရာကောင်းတဲ့ comeback နဲ့ ပွဲချိန်အတွင်းမှာ ၃-ဝ၊ အချိန်ပိုမှာ နှစ်ဂိုးထပ်သွင်းကာ ကွာတားဖိုင်နယ်အဆင့်ကို ထိုက်ထိုက်တန်တန် ရောက်ရှိသွားခဲ့ပါတယ်။
Comments
Be the first to add a comment