အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အလစ်အငိုက် ဗုံးကြဲတိုက်ခိုက်မှုအပြီး အီရန်လက်ရွေးစင်အသင်းအနေနဲ့ အမေရိကန်ပြည်ထောင်စုမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပွဲစဉ်တွေကို သွားရောက်ကစားနိုင်မလားဆိုတာ မိမိကိုယ်တိုင်လည်း မသိရှိသေးကြောင်း နိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌက ပြောပါတယ်။
“သေချာတာတခုကတော့ ဒီတိုက်ခိုက်မှုအပြီးမှာ ကျွန်တော်တို့အနေနဲ့ ကမ္ဘာ့ဖလားကို မျှော်လင့်ချက်နဲ့ စောင့်မျှော်နေဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး” လို့ အီရန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ မဟ်ဒီ တာ့ဂျ်က Varzesh3 အားကစားသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ အီရန်ဟာ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကျယ်ပြန့်လာတဲ့ စစ်ပွဲရဲ့ အစိတ်အပိုင်းအဖြစ် အစ္စရေးနဲ့ အပြန်အလှန် တိုက်ခိုက်မှုတွေ ပြုလုပ်နေချိန် အခုလို ပြောဆိုခဲ့တာပါ။ Read more:
https://bur.mizzima.com/2026/03/02/83505