Mizzima
နျူထရွန်အသစ်များ ဖြစ်ပေါ်ခြင်းနှင့် ရှင်သန်ခြင်း (Neurogenesis) သည် ဦးနှောက်၏ ပျော့ပျောင်းပြောင်းလဲနိုင်စွမ်း (Plasticity) ကို မြှင့်တင်ပေးသည်။ ၎င်းသည် ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် အိုမင်းခြင်းဖြစ်စဉ်များကြားတွင် အသိဉာဏ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက် ကောင်းမွန်စေရန် ဦး နှောက်က မိမိဘာသာ ပြန်လည်ပြုပြင်နိုင်သည့် စွမ်းရည်ဖြစ်သည်။
SuperAgers များတွင် တူညီသော စရိုက်လက္ခဏာများရှိကြသည်။ ၎င်းတို့သည် အကောင်းမြင်တတ်ကြပြီး စာဖတ်ခြင်း သို့မဟုတ် အသစ်အဆန်းများကို သင်ယူခြင်းဖြင့် ဦးနှောက်ကို နေ့စဉ် အလုပ်ပေး စိန်ခေါ်လေ့ရှိတတ်ကြသည်။
အများစုက ကိုယ်လက်လှုပ်ရှား တက်ကြွကြပြီး အသက် ၈၀ ကျော်အထိ ဆက်လက် အလုပ်လုပ်ကြသည်။ ထို့ပြင် ၎င်းတို့သည် မိသားစု၊ သူငယ်ချင်းများနှင့် အပေါင်းအသင်း ဝင်ဆံ့သူများ ဖြစ်ကြပြီး လူမှုအသိုင်းအဝိုင်းတွင် စေတနာ့ဝန်ထမ်း လုပ်လေ့ ရှိကြသူများပဲ ဖြစ်သည်။
♦
သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#အသက်ကြီး
#ထက်ထက်မြက်မြက်
#ရှိနိုင်မည့်
#သော့ချက်
#တွေ့ရှိ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
----------------------------------------
Comments
Be the first to add a comment