စံချိန်တင်အတိုင်းအတာအထိ ကြီးထွားလာသည့် အခွန်လိမ်လည်မှုများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း ဘလွန်းဘာ့ဂ်သတင်းဌာနသို့ ပြောကြားခဲ့ကြသော စီးပွားရေးလုပ်ငန်းရှင်များ၊ သင်္ဘောလိုင်းပိုင်ရှင်များ၊ ကုန်သွယ်ရေးရှေ့နေများနှင့် အကောက်ခွန်အရာရှိဟောင်းများထဲတွင် ကာဆေးလည်း တဦး အပါအဝင် ဖြစ်သည်။ တရုတ်၏ တက်ကြွထက်သန်သော ထောက်ပံ့ပို့ဆောင်ရေး နည်းပရိယာယ်များနှင့် ရာစုနှစ်တခုအတွင်း အမြင့်ဆုံးဖြစ်လာသော အခွန်နှုန်းထားများကြောင့် ဖြစ်ပေါ်လာသည့် ထိုအခွန်ရှောင်မှုများက ထရမ့်၏ ကုန်သွယ်ရေးအစီအစဉ်ကို အဟန့်အတားဖြစ်စေသလို တချိန်တည်းတွင်လည်း စည်းကမ်းလိုက်နာသည့် ကုမ္ပဏီများကိုလည်း နစ်နာစေလျက်ရှိသည်။

ပြဿနာ၏ အတိုင်းအတာက မယုံနိုင်လောက်အောင် ဖြစ်နေသည်။ ဖေဖေါ်ဝါရီ ၁၉ ရက်က ထုတ်ပြန်သည့် ကုန်သွယ်မှု ဒေတာအချက်အလက်များအရ တရုတ်ထံမှ အမေရိကန်သို့ တင်ပို့သည့် ပို့ကုန်အဖြစ် စာရင်းပြထားသည့် ပမာဏနှင့် အမေရိကန်အကောက်ခွန်ဌာနက ယမန်နှစ်က အမှန်တကယ် ဆိုက်ရောက်ရရှိခဲ့သည်ဟု ဆိုသော ပမာဏကြားတွင် ဒေါ်လာ ၁၁၂ ဘီလီယံအထိ စံချိန်တင်ကွာဟနေခြင်းဖြစ်သည်။ ♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/02/26/83188

Comments

Be the first to add a comment