၂၀၂၄ အတွက် ကမ္ဘာလုံးဆိုင်ရာ ဘောလုံးအပြောင်းအရွှေ့အစီရင်ခံစာကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ဇန်နဝါရီလ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၂၄ အတွင်း ကမ္ဘာလုံးတဝန်း အမျိုးသားနဲ့ အမျိုးသမီး ဘောလုံးအပြောင်းအရွှေ့ စုစုပေါင်း ၇၈,၇၄၂ ခု ဖြစ်ပေါ်ခဲ့ပြီး သမိုင်းတလျှောက် အများဆုံးအဖြစ် စံချိန်သစ်တင်ခဲ့တယ်လို့ သိရပါတယ်။
ကမ္ဘာတဝန်း အပြောင်းအရွှေ့တွေအနက် ကလပ်အသင်းတွေဟာ ပရိုဖက်ရှင်နယ် အမျိုးသားဘောလုံးအပြောင်းအရွှေ့ ၂၂,၇၇၉ ခု ပြုလုပ်ခဲ့ပြီး အဆိုပါအပြောင်းအရွှေ့တွေအတွက် ငွေကြေးသုံးစွဲမှု စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၅၉ ဘီလီယံ (ယူရို ၈ ဒသမ ၂၄ ဘီလီယံ) ရှိပါတယ်။ ဒီပမာဏဟာ ၂၀၂၃ က စံချိန်တင်သုံးစွဲခဲ့တဲ့ ဒေါ်လာ ၉ ဒသမ ၆၆ ဘီလီယံပြီးနောက် ဒုတိယအများဆုံး ဖြစ်ပါတယ်။ Website Link >>>
https://bur.mizzima.com/2025/01/31/45297