ကမ္ဘောဒီးယားကဲ့သို့သော နိုင်ငံများရှိ ငွေလိမ်ဂိုဏ်းများကို နှိမ်နင်းခဲ့ပြီးနောက် တရုတ်ရာဇဝတ်ဂိုဏ်းများ သည် မိခင်တရုတ်နိုင်ငံသို့ ပြန်လာကြပြီး နိုင်ငံခြားသားများကိုသာ သီးသန့်ပစ်မှတ်ထားသည့် အသေးစား ငွေလိမ်လုပ် ငန်းများကို လုပ်ဆောင်နေကြကြောင်း အမေရိကန်-တရုတ် စီးပွားရေးနှင့် လုံခြုံရေးပြန်လည် သုံးသပ်ရေး ကော် မရှင်က ပြောကြားခဲ့သည်။

"လိမ်လည်မှု အရေအတွက်တွေ မြင့်တက်လာတာကို ကျွန်တော်တို့ တွေ့ရပါတယ်" ဟု ဒုတိယဥက္ကဋ္ဌ မိုက်ကယ် ကွိုင်ကန်က အင်တာဗျူးတွင် ပြောကြားခဲ့သည်။

အရှေ့တောင်အာရှရှိ ငွေလိမ်စင်တာများမှ "ဝါရင့်" ဂိုဏ်းသားများသည် တရုတ်နိုင်ငံအတွင်း၌ လုပ် ငန်း များ ပြန် လည်အခြေချလုပ်ကိုင်လာကြသည်ဟု ဆိုသည်။

အစီရင်ခံစာတွင် ၂၀၂၄ ခုနှစ်အတွင်း အရှေ့တောင်အာရှအခြေစိုက် ငွေလိမ်ဂိုဏ်းများကြောင့် အမေရိကန် နိုင်ငံ သားများအနေဖြင့် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံခန့် ဆုံးရှုံးခဲ့ရကြောင်း အမေရိ ကန်အစိုးရ၏ ခန့်မှန်းချက်ကို ကိုးကားဖော်ပြထားပြီး ယင်းပြဿနာကို ဦးစားပေးဖြေရှင်းသင့်ကြောင်း တိုက်တွန်းထားသည်။

♦ ဆောင်းပါး အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#တရုတ်…

Comments

Be the first to add a comment