Mizzima
ICRC ထံ အခက်အခဲတင်ပြမှုကြောင့် ရိုက်နှက်ခံရသည့် သာယာဝတီထောင်က နိုင်ကျဉ်း ဆေးကုခွင့်မရ
ရောင်နီ
မဇ္ဈိမ။ ။ နိုင်ငံတကာ ကြက်ခြေနီကော်မတီ (ICRC)ထံ အကျဉ်းသားများ၏ အခက်အခဲ တင်ပြခဲ့မှုကြောင့် ရိုက်နှက်ခံရသည့် နိုင်ငံရေးအကျဉ်းသား ဆေးကုသခွင့်မရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ယနေ့ (မတ်လ ၁၃ ရက်) တွင် သတင်းထုတ်ပြန်သည်။
ပဲခူးတိုင်း၊ သာယာဝတီဗဟိုအကျဉ်းထောင်တွင် ဖေဖော်ဝါရီလ ၇ ရက် ရိုက်နှက်ခံခဲ့ရသည့် နိုင်ငံရေးအကျဥ်းသား ကိုမျိုးကျော်ထက် (ခေါ်) သိုးသိုးသည် တပတ်ခန့်ကြာသည့် ယနေ့ အထိ ဆေးကုသခွင့်မရကြောင်း သိရသည်။ ထို့ပြင် ပြင်ပလူများနှင့် တွေ့ဆုံခွင့်မရဘဲ တိုက်ပိတ်ထားကြောင်း PPNM က သတင်းထုတ်ပြန်ထားသည်။
“လက်ရှိအထိတော့ ဆေးဝါးကုသခွင့်မရဘူး။ ဖူးယောင်ဒဏ်ရာနဲ့ ပေါက်ပြဲဒဏ်ရာတွေရတယ်လို့ သိထားရတယ်။ ဆေးရုံမှာ ဆေးဝါးကုသခွင့်မပေးတဲ့အပြင် တိုက်ပိတ်ထားတဲ့အတွက် ရိုက်နှက်ခံရသူရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးအရ စိုးရိမ်စရာရှိပါတယ်” ဟု PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
ကိုမျိုးထက်အောင်တွင် မျက်နှာတခြမ်းလုံး ဖူးယောင်ညိုမဲဒဏ်ရာ နှင့် နားအတွင်းမှ…
Comments
Be the first to add a comment