တော်လှန်ရေးအဖွဲ့အချင်းချင်း သေနတ်ပြောင်းလှည့်ခြင်းသည် ရန်သူ့ကို အသက်ဆက်ပေးခြင်းဖြစ်ဟု ဗကပ သတိပေး

မောင်ခက်နွေ

မဇ္ဈိမ။ ။ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) သည် တော်လှန်ရေးအင်အားစုအချင်းချင်းအကြား ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများကို ပြင်းထန်စွာကန့်ကွက်ကြောင်းနှင့် ယင်းလုပ်ရပ်များသည် ဘုံရန်သူဖြစ်သော စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရန်သာ အကျိုးပြုနေကြောင်း ယမန်နေ့(မတ်လ ၂ ရက်)တွင် သဘောထားထုတ်ပြန်လိုက်သည်။

၁၉၄၈ ခုနှစ်မှ စတင်ခဲ့သော လက်နက်ကိုင်တော်လှန်ရေး သမိုင်းစဉ်တစ်လျှောက် သင်ခန်းစာများကို ကိုးကား၍ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း တိုက်ခိုက်မှုကြောင့် အဖိုးတန်ရဲဘော်များစွာ အသက်စွန့်ခဲ့ရပြီး အဆုံးသတ်တွင် ရန်သူစစ်အုပ်စုသာ အမြတ်ထွက်ခဲ့ကြောင်း ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ) က ထောက်ပြထားသည်။

ဗကပ ၏ ထုတ်ပြန်ချက်တွင် လက်ရှိတော်လှန်ရေးအဖွဲ့များအကြား ဖြစ်ပွားနေသည့် ပွတ်တိုက်မှုများကို "မိတ်ဖက်ပဋိပက္ခ" သို့မဟုတ် "ပြည်သူတွင်းပဋိပက္ခ" အဖြစ်သာ သတ်မှတ်ပြီး ရန်သူနှင့် တိုက်ခိုက်သည့် "ရန်-ငါ ပဋိပက္ခ" ကဲ့သို့ လက်နက်စွဲကိုင်ဖြေရှင်းခြင်းကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ဖော်ပြထားသည်။

…

Comments

Be the first to add a comment