ဂျပန်ကုမ္ပဏီများသည် အရှေ့တောင်အာရှ အထူးသဖြင့် ဗီယက်နမ်၊ ထိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ရင်းနှီး မြှုပ်နှံမှုများကို တိုးမြှင့်ခဲ့ကြသည်။ ၂၀၁၅ နှင့် ၂၀၂၂ ခုနှစ်အကြားတွင် အာဆီယံဒေသအတွင်း ဂျပန်၏ တိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုပမာဏသည် ၄၀ ရာခိုင်နှုန်းကျော်အထိ တိုးတက်လာခဲ့သော်လည်း တရုတ်နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု ထပ်မလုပ်ခဲ့ပေ။
ဤသည်မှာ စီးပွားရေးအရ လုံးဝအဆက်အသွယ်ဖြတ်တောက်ခြင်းမဟုတ်သော်လည်း တရုတ်အပေါ် မှီခိုနေရမှုကို လျှော့ချလိုက်ခြင်းပင် ဖြစ်သည်။ ထုတ်လုပ်မှုကွန်ရက်များ ပိုမိုကျယ်ပြန့်လာလေလေ ဒေသတွင်း စီးပွားရေးစီးဆင်းမှုအပေါ် တရုတ်၏ လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းမှာလည်း လျော့နည်းသွားလေလေ ဖြစ်သည်။
Read more:
https://bur.mizzima.com/2026/02/25/83097