Mizzima
သို့သော် ပြေပြေလည်လည် အခြေအနေကနေ စိတ်မသက်သာစရာအဖြစ် ပြောင်းလဲသွာသည်မှာ အီရန်အပေါ် ထိုးစစ်ဆင်မှုများကို ဂျပန်ကဲ့သို့သော မဟာမိတ်နိုင်ငံများအား ဘာကြောင့် ကြိုတင် အကြောင်းမကြားသနည်းဟူသော မေးခွန်းကို ထရမ့်က ပုလဲဆိပ်ကမ်း တိုက်ခိုက်မှုနှင့် နှိုင်းယှဉ်ကာ အရွှန်းဖောက် ဖြေကြားလိုက်ချိန်တွင် ဖြစ်ပေါ်လာခဲ့သည်။
"ကျွန်တော်တို့က အလစ်အငိုက် တိုက်ချင်လို့ ဘယ်သူ့ကိုမှ ကြိုမပြောခဲ့တာပါ၊ အလစ်အငိုက် တိုက်တဲ့အကြောင်းကို ဂျပန်ထက် ဘယ်သူက ပိုသိဦးမှာလဲ၊ ခင်ဗျားတို့ကကော ပုလဲဆိပ်ကမ်းအကြောင်း ကျွန်တော့်ကို ဘာလို့ ကြိုမပြောခဲ့တာလဲ၊ ဟုတ်တယ်မလား" ဟု ဂျပန်ဝန်ကြီးချုပ်ဘက် လှည့်ကြည့်ပြီး ထရမ့်က ပြောဆိုလိုက်သည်။ ထရမ့်၏ ထို ပြောစကား ကြားပြီး ဝန်ကြီးချုပ် တာကာအီချီမှာ အပြုံးများ ပျောက်ကွယ်သွားကာ မျက်မှောင်ကြုတ်သွားတော့သည်။
♦
သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#တွေ့ဆုံပွဲ
#ပုလဲဆိပ်ကမ်း
#ဗုံးကြဲမှု
#ထရမ့်
#ပြက်လုံးထုတ်
#တာကာအီချီ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
----------------------------------------
Comments
Be the first to add a comment