Mizzima
အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) နှင့် ဆက်နွှယ်နေသော Fars သတင်းဌာနက ဗိုလ်ချုပ်ကြီး အီဘရာဟင် ဂျာဘာရီသည် IRGC တပ်မှူးအကြံပေးဖြစ်ကြောင်း အစောပိုင်းက ဖော်ပြခဲ့သော်လည်း အီရန်လက်နက်ကိုင်တပ်ဖွဲ့များ၏ စစ်ဦးစီးချုပ်ရုံးက ဗိုလ်ချုပ်ကြီးသည် “IRGC တွင် မည်သည့်တာဝန်မှ ထမ်းဆောင်နေခြင်းမရှိကြောင်း” ချေပလိုက်သည်။
“အမေရိကန်အနေဖြင့် ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်နိုင်မည်မဟုတ်ကြောင်း” နှင့် “ အီရန် လက်နက်ဂိုဒေါင်များအတွင်း ဒုံးကျည်များ၊ ဒရုန်းများနှင့် စစ်လက်နက်ပစ္စည်းများ အပြည့်ရှိနေသည်” ဟု ဂျာဘာရီက Al Jazeera နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
ဂျာဘာရီသည် ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်အတွင်း အီရန်နိုင်ငံပိုင် ရုပ်သံလိုင်းများတွင် ထွက်ပေါ်လာခဲ့ပြီး အမေရိကန်၊ အစ္စရေးနှင့် အီရန်၏ အိမ်နီးချင်းအာရပ်နိုင်ငံများကို ခြိမ်းခြောက်ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။
♦
သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#အမေရိကန်
#ဗိုလ်ချုပ်ကြီး
#အီရန်စစ်ဦးစီးချုပ်ရုံး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
Comments
Be the first to add a comment