“ရှေ့လျှောက်မှာ ကုန်သွယ်မှုမူဝါဒတွေနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းနဲ့ ကြိုတင်ခန့်မှန်းနိုင်မှုလိုအပ်တယ်။ နိုင်ငံတွေဟာ ခံနိုင်ရည်အားပြန်လည်တည်ဆောက်ဖို့နဲ့ တိုးတက်မှုအရှိန်ပြန်အသက်သွင်းဖို့ ဖွဲ့စည်းပုံဆိုင်ရာစိန်ခေါ်မှုတွေကိုဖြေရှင်းသင့်တယ်" ဟု IMF မှ စီးပွားရေးပညာရှင်အကြီးအကဲ ဂိုပီနက်က ပြောသည်။

ကမ္ဘာ့စီးပွားရေးခန့်မှန်းချက်အစီရင်ခံစာတွင် အိန္ဒိယစီးပွားရေးကို ၂၀၂၅ ခုနှစ်တွင် ၆ ဒသမ ၂ ရာခိုင်နှုန်းနှင့် ၂၀၂၆ ခုနှစ်တွင် ၆ ဒသမ ၃ ရာခိုင်နှုန်းတိုးတက်မည်ဟု အသီးသီးခန့်မှန်းထားကာ တရုတ်ထက် ၂ ရာခိုင်နှုန်းများသည်။ ကမ္ဘာ့စီးပွားရေးဒုတိယအဆင့်ရှိ တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှု ခန့်မှန်းချက်မှာ ၂၀၂၅ ခုနှစ်အတွက် ၄ ရာခိုင်နှုန်းနှင့် ၂၀၂၆ ခုနှစ်တွင် ၄ ဒသမ ၆ ရာခိုင်နှုန်းဖြစ်သည်။ Read more: https://bur.mizzima.com/2025/04/27/54487

Comments

Be the first to add a comment