Mizzima
အီရန်နိုင်ငံ၏ အမြင့်ဆုံးခေါင်းဆောင်သစ် မိုဂျ်တာဘာ ခါမေနီ အပါအဝင် အစ္စလမ္မစ် တော်လှန်ရေး အစောင့်တပ် (IRGC) နှင့် ဆက်နွှယ်သည့် အဆင့်မြင့်အရာရှိကြီးများ၊ ထိပ်သီးပုဂ္ဂိုလ်များနှင့်ပတ်သက်ပြီး သတင်းအချက်အလက်ပေးနိုင်ပါက ဒေါ်လာ ၁၀ သန်းအထိ ပေးအပ်မည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆုငွေထုတ်ပြန်လိုက်သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာ လုံခြုံရေးဌာနက ထုတ်ပြန်သည့် ကြေညာချက်တွင် အလိုရှိနေသည့် အရာရှိများနှင့် လူပုဂ္ဂိုလ်များအဖြစ် အီရန်အမြင့်ဆုံးခေါင်းဆောင်သစ် မိုဂျ်တာဘာ ခါမေနီ အပြင် လုပ်ကြံခံ ဖခင် အယာတိုလာ အလီ ခါမေနီ၏ ဒုအရာရှိချုပ် အလီ အက်စ်ဂါ ဟေဂျာဇီနှင့် ထိပ်တန်းလုံခြုံရေးအရာရှိ အလီ လာရီဂျာနီ တို့ကို ထည့်သွင်းဖော်ပြထားသည်။
♦
သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#အီရန်
#အမေရိကန်
#ဆုငွေထုတ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
Comments
Be the first to add a comment