ယူကရိန်းဘက်မှ သံတမန်ရေးအရ ကန့်ကွက်လျက် ရှိပြီး အမေရိကန်ကလည်း သတိကြီးစွာ ထားကာ တုံ့ပြန်လျက် ရှိသည့် ထို ဖမ်းဆီးမှုနှင့် ပတ်သက်ကာ သူလျှိုထောက်လှမ်းရေး လုပ်ငန်းများနှင့် ဒေသ မတည်ငြိမ်ဖြစ်အောင် ဖန်တီးသည့် လုပ်ရပ်များ ဖြစ်နိုင်ခြေအတွက် မေးခွန်းထုတ်စရာများ ဖြစ်လာခဲ့သည်။

အိန္ဒိယ အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) ၏ အဆိုအရ တရားခံများသည် အိန္ဒိယနိုင်ငံအတွင်းသို့ ခရီးသွားဗီဇာဖြင့် ဝင်ရောက်လာပြီးနောက် ဂူဝါဟတီသို့ သွားရောက်ခဲ့ကာ၊ ထိုမှတဆင့် မဖြစ်မနေလိုအပ်သည့် ခရီးသွား ခွင့်ပြုချက်များ မပါဘဲ မီဇိုရမ်ပြည်နယ်သို့ သွားရောက်ခဲ့ပြီး မြန်မာ နိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို လေ့ကျင့်သင်ကြားပေးရန် ဝင်ရောက်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

NIA က အဆိုပါ သံသယရှိသူများကို လပေါင်းများစွာ နောက်ယောင်ခံလိုက်ခဲ့ရပြီး လက်ရှိ၌ နိုင်ငံ တကာကွန်ရက်များနှင့် ဆက်နွှယ်မှုများကို ရှာဖွေနိုင်ရန်အတွက် ၎င်းတို့၏ အီလက်ထရွန်နစ်ပစ္စည်းများ၊ ခရီးသွားမှတ်တမ်းများနှင့် ငွေကြေးစီးဆင်းမှု မှတ်တမ်းများကို စစ်ဆေးလျက်ရှိနေသည်။

တရားခံများက အိန္ဒိယနိုင်ငံကို မတည်မငြိမ်ဖြစ်အောင် ရည်ရွယ်သည့် ပိုမို…

Comments

Be the first to add a comment