ရွေးကောက်ပွဲရှုံးသည့် ပါတီများ အခွင့်အလမ်းကို ထိရောက်စွာ အသုံးမချနိုင်ဟု စစ်ခေါင်းဆောင် အပြစ်တင်

001

မဇ္ဈိမ။ ။ စစ်ကော်မရှင် ကျင်းပသည့် ရွေးကောက်ပွဲ၌ ရှုံးနိမ့်ခဲ့သည့် ပါတီများအနေဖြင့် အခွင့်အလမ်းများကို ထိရောက်စွာ အသုံးချနိုင်မှုမရှိခဲ့ကြောင်း စစ်ကော်မရှင်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့ (မတ် ၁၀) ရက်က ပြောသည်။

အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း စစ်ကော်မရှင်၏ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး ပြန်လည်သုံးသပ်ဆွေးနွေးမှာကြားရာတွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း ယနေ့ (မတ် ၁၁) ထုတ် စစ်ကော်မရှင် ထိန်းချုပ် သတင်းစာများတွင် ဖော်ပြသည်။

“အချို့ပါတီများအနေဖြင့် ပေးထားသည့် အခွင့်အလမ်းများကို ထိရောက်စွာ အသုံးချနိုင်မှု မရှိခဲ့သည်ကို တွေ့ရှိရပြီး ပြည်သူများနှင့် ပိုမိုထိတွေ့သည့်ပါတီများမှ ပြည်သူ့ထောက်ခံမဲများ ပိုမိုရရှိခဲ့သည်ကို တွေ့ရကြောင်း” ဟု စစ်ခေါင်းဆောင်က ပြောသည်။

စစ်ကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ကို ၂၀၂၃ ခုနှစ်တွင် စတင်ခွင့်ပြုဆောင်ရွက်ပေးခဲ့ပြီး ပါတီများအနေဖြင့် ပြင်ဆင်ချိန်…

Comments

Be the first to add a comment