ဂျာမန်ဘောလုံးပွဲစဉ်မှာ VAR မော်နီတာ ပလပ်ကြိုးကို မျက်နှာဖုံးစွပ်ထားသည့် ပရိသတ် ဆွဲဖြုတ်သွား

AP

ဂျာမန်ဘောလုံးပွဲစဉ်တခုမှာ ဒိုင်လူကြီးက ပင်နယ်တီအတွက် ဆုံးဖြတ်ချက်ချဖို့ ပြင်ဆင်နေချိန်မှာ မျက်နှာဖုံးစွပ်ထားတဲ့ ပရိသတ်တဦးက ဗီဒီယိုအကူဒိုင် (VAR) မော်နီတာရဲ့ ပလပ်ကြိုးကို ဖြုတ်သွားခဲ့ပါတယ်။ ဒါဟာ VAR နည်းပညာကို ဆန့်ကျင် ဆန္ဒပြတဲ့သဘောနဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ပရူးဆန် မွန်စတာ နဲ့ ဟာသာဘာလင်တို့ရဲ့ ဂျာမနီဒုတိယတန်း ပွဲစဉ်မှာ အခုလို ဖြစ်ပွားခဲ့တာပါ။ ဒိုင်လူကြီး ဖေးလစ်ဘစ်ကယ်ဟာ ပင်နယ်တီပေးသင့်၊ မပေးသင့်ကို ကွင်းဘေးက VAR မော်နီတာမှာ သွားရောက်ကြည့်ရှုဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ မော်နီတာဟာ မီးပိတ်နေပြီး ဘာမှကြည့်လို့မရ ဖြစ်နေခဲ့ပါတယ်။ မည်သူမည်ဝါဖြစ်ကြောင်း မသိရသေးတဲ့ ပရိသတ်တဦးက ပွဲကြည့်စင်ကနေ ထွက်လာပြီး VAR မော်နီတာရဲ့ ပလပ်ကြိုးကို ဆွဲဖြုတ်သွားခဲ့တာတယ်လို့ မွန်စတာအသင်းက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တီဗီမှတ်တမ်းတွေအရတော့ မွန်စတာအသင်းရဲ့ အစိမ်းရောင်နဲ့ လိုက်ဖက်တဲ့ အဖြူရောင် ဝတ်စုံနဲ့ မျက်နှာဖုံးစွပ်ထားတဲ့ လူတဦး အိမ်ကွင်းပရိသတ်တွေရှိရာ ပွဲကြည့်စင်ဘက်…

Comments

Be the first to add a comment