"SLR" (2022)

ဇာတ်လမ်းအကျဥ်း...

ကင်မရာဆိုတာက လူတွေရဲ့ အခိုက်အတန့်တွေ အမှတ်တရကောင်းတွေကို မှတ်တမ်းတင်ဖို့ အသုံးပြုကြတဲ့ ပစ္စည်းတစ်ခုပါ။ အဲဒီကင်မရာက လူသတ်နိုင်တယ်ဆိုရင်ရော..?

သူငယ်ချင်းတွေအကုန်ဘွဲ့ရပြီး အခုထိ ကျောင်းမပြီးသေးဘဲ ကျန်နေတဲ့ ဒန်။ သူ့သူငယ်ချင်း နမ်နဲ့ဂရိတ်တို့ကလည်း New York ကို ပညာသင်သွားကြတော့မှာဖြစ်တဲ့အတွက် ဒန်တစ်ယောက် ပညာသင်ဆုရဖို့အတွက်လည်း စိတ်လောနေခဲ့ရပါတယ်။ဘွဲ့ရဖို့အတွက် နောက်ဆုံး thesis တစ်ခုတင်ဖို့လုပ်ရမှာဖြစ်တဲ့အတွက် ဒန်တစ်ယောက် ပရော်ဖက်ဆာအင်မ့်ဆီ စာတမ်းတင်သွင်းဖို့သွားခဲ့ပါတယ်။

ပရော်ဖက်ဆာအင်မ်က ဒန့်ကို SLR ကင်မရာတစ်လုံးပေးပြီး ၁၄ ရက်အတွင်း လူ ၇ နှစ်ယောက်ရဲ့ ဓာတ်ပုံကိုရိုက်ရမယ့် ပရောဂျက်တစ်ခုပေးခဲ့ပါတယ်။

ဒန်လည်း ပရော်ဖက်ဆာအင်မ်ပေးတဲ့ ကင်မရာနဲ့ လူ ၇ နှစ်ယောက်ပုံကို လိုက်ရိုက်ခဲ့ပါတယ်။ ဒါပေမဲ့ ဒန်ဓာတ်ပုံရိုက်လိုက်တဲ့သူတိုင်း အကြောင်းတစ်မျိုးမျိုးကြောင့် သေခဲ့ရပါတယ်။ ၆ ယောက်မြောက်ရောက်တဲ့အချိန်မှာတော့ လူတွေသေဆုံးရတာဟာ ကင်မရာကြောင့်ဆိုတာ သိလာခဲ့ပါတယ်။

နောက်ဆုံး ၇ ယောက်မြောက်လူဟာ ဘယ်သူဖြစ်လာမှာလဲ။ လူတွေသတ်နိုင်တဲ့ ကင်မရာရဲ့ နောက်ကွယ်က ဖြစ်ရပ်တွေက ဘာတွေဖြစ်မှာလဲ..။

သည်းထိပ်ရင်ဖိုဇာတ်ကားကောင်းလေးဖြစ်တဲ့အတွက် အခုပဲ ကြည့်လိုက်ရအောင်နော်။

😍ကြည့်ရန်နှိပ်ပါ👇

t.me/dramaburma/302

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

Comments

Be the first to add a comment