Korea Series collection
Midnight (2021)
သန်းခေါင်ယံမှာ ဘာတွေ ဖြစ်ကြမလဲ???? ညဆိုတာကတော့ မကောင်းမှုတွေ စိုးမိုးတတ်တဲ့အချိန်ပါ။ ဒီညကတော့ ထူးဆန်းပါတယ်။ ကွင်းဆက်လူသတ်သမားတစ်ယောက်က အမျိုးသမီးငယ်တစ်ယောက်ကို လိုက်လံသတ်ဖြတ်တာပါပဲ။ ဘာလို သတ်ဖြတ်နေရလဲ ဆိုတာကတော့ ….. သူ လူသတ်မှုကျူးလွန်နေတာကို အမျိုးသမီးငယ်တစ်ယောက် က မြင်တွေ့သွားလို နှုတ်ပိတ်ဖိုအတွက် လိုက်လံသတ်ဖြတ်ဖို ကြိုးစားတာပါ။ အဲဒီအမျိူးသမီးငယ်ကတော့ ဆွံအနားမကြားဖြစ်နေတဲ့ ဂျောင်မီ ပါပဲ။ ဆွံအနားမကြား ဖြစ်နေတဲ့ ဂျောင်းမီက ဆွံအနားမကြားသူတွေအတွက် ဝန်ဆောင်မှုပေးဖို Call Center မှာ အလုပ်လုပ်ရပါတယ်။ လူကောင်းသူကောင်းတွေကြားမှာ တစ်ယောက်ထဲ ကင်းကွာနေတတ်တဲ့ သူမ တစ်ချိန်မှာတော့ ကွင်းဆက်လူသတ်သမားတစ်ယောက် လူသတ်မှု ကျူးလွန်တာကို မြင်ရပြီးတဲ့နောက်မှာတော့ …… လူသတ်သမားရဲ့လက်ကနေ သူမ ထွက်ပြေးလွတ်မြောက်နိုင်မလား ဆိုတာကို အသည်းတယားယား ရင်တဖိုဖိုနဲ့ ကြည့်ရမယ့် Thriller ဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်။
😍
ကြည့်ရန်နှိပ်ပါ
👇
t.me/zzzmovie2/290
🎬
Main channel
🔗
t.me/addlist/43SAvNGGjGExNWVl
Comments
Be the first to add a comment