Mizzima
MNDAA နှင့် TNLA ညှိနှိုင်းမှုကို NUG ယာယီသမ္မတကြိုဆိုပြီး တော်လှန်ရေးအကျိုးမထိခိုက်ရန် တိုက်တွန်း
မောင်ခက်နွေ
မဇ္ဈိမ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့အကြား ပဋိပက္ခကို ငြိမ်းချမ်းစွာဖြေရှင်းရန် နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးနေမှုကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ကြိုဆိုလိုက်ပြီး တော်လှန်ရေးအကျိုးစီးပွားကို ရှေးရှုရန် တိုက်တွန်းလိုက်သည်။
ယမန်နေ့(မတ်လ ၁၇)က ထုတ်ပြန်လိုက်တာဖြစ်ပြီး NUG ယာယီသမ္မတ၏ မေတ္တာရပ်ခံချက်တွင် ညီနောင်မဟာမိတ်နှစ်ဖွဲ့အကြား ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးမှုများ ရှိလာသည့်အတွက် အထူးဝမ်းမြောက်ကြောင်း ဖော်ပြထားသည်။
"တော်လှန်ရေးအဖွဲ့အစည်းများ၏ ခေါင်းဆောင်များ ဖြစ်သည့်အားလျော်စွာ တော်လှန်ရေးမျက်နှာကို ရှေးရှုလျက် တော်လှန်ရေးအကျိုး မထိခိုက်စေသော ညှိနှိုင်းဖြေရှင်းမှုကို ဆောင်ရွက်နိုင်ကြလိမ့်မည်ဟု ယုံကြည်ပါသည်" ဟု ယာယီသမ္မတ ဒူဝါလရှီးလက ဆိုသည်။
ထိုသို့ NUG…
Comments
Be the first to add a comment