ဩစတြေးလျ အနောက်ဘက်ကမ်းလွန်ရှိ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း ရေပြင်တွင် ဆားဓာတ်အလျင်အမြန် လျော့နည်းပြီး ရေချိုဆန်လာနေသည့် ထိတ်လန့်ဖွယ်ရာ အပြောင်းအလဲကို သိပ္ပံပညာရှင်များက အထူးဂရုပြု စောင့်ကြည့်နေကြသည်။ လွန်ခဲ့သော အနှစ် ၆၀ အတွင်း ကမ္ဘာ့အပူချိန် မြင့်တက်လာမှုကြောင့် လေတိုက်နှုန်းပုံစံများနှင့် သမုဒ္ဒရာရေစီးကြောင်းများ ပြောင်းလဲသွားကာ ယင်းဒေသထဲသို့ ရေချိုပမာဏ အမြောက်အမြား စီးဝင်လာစေရန် လမ်းကြောင်းပေးသကဲ့သို့ ဖြစ်နေသည်။

ဆားဓာတ်လျော့နည်းပြီး ရေချိုများလာသောအခါ ရေသည် သိပ်သည်းဆလျော့သွားပြီး အောက်ခြေရှိ ဆားငန်ရေနှင့် မရောနှောဘဲ အပေါ်ယံမှာတင် အလွှာ တခုလို တည်ရှိနေသည်။ ယင်းသည် အောက်ခြေမှ အာဟာရဓာတ်များ အပေါ်သို့ တက်လာမည့် ဒေါင်လိုက်ရောနှောမှု လုပ်ငန်းစဉ်ကို ဟန့်တားလိုက်သည်။ ရေလွှာများ မရောနှောနိုင်သဖြင့် အပူဓာတ်များသည် မျက်နှာပြင်အနီးမှာတင် ပိတ်မိနေပြီး ရေအပူချိန်ကို ပိုမိုမြင့်တက်စေကာ မျိုးစိတ်များအတွက် ရှင်သန်ရန် ခက်ခဲစေသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/23/82888

#အိန္ဒိယသမုဒ္ဒရာ
#ပင်လယ်ရေ
#အဏ္ဏဝါသက်ရှိများ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
………….

Comments

Be the first to add a comment