"သူ (ခါမေနီ) သေဆုံးမှုနဲ့အတူ အစ္စလာမ္မစ်သမ္မတနိုင်ငံဟာလည်း အမှန်တကယ် အဆုံးသတ်သွားပါပြီ။ မကြာခင်မှာ သမိုင်းရဲ့အမှိုက်ပုံးထဲကို ရောက်ရှိသွားတော့မှာဖြစ်ပါတယ်" ဟု ရီဇာပါလဗီက X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

"စစ်တပ်၊ လုံခြုံရေးနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပြောချင်တာကတော့ ပြိုလဲနေတဲ့ အုပ်ချုပ်ရေးယန္တရားကို ထောက်ကန်ဖို့ ကြိုးစားတဲ့ ဘယ်လိုအားထုတ်မှုမျိုးမဆို ကျရှုံးဖို့ပဲ ရှိပါတယ်" ဟု ပါလဗီက ဆိုသည်။

ပါလဗီသည် The Washington Post သတင်းစာတွင် အတွေးအမြင်ဆောင်းပါးတပုဒ် ရေးသားခဲ့ပြီး ထိုဆောင်းပါး၌ တိုက်ခိုက်မှုအတွက် သမ္မတ ဒေါ်နယ်ထရမ့်ကို ကျေးဇူးတင်ရှိကြောင်းနှင့် အီရန်နိုင်ငံသစ်သို့ ကူးပြောင်းရာတွင် ၎င်းအနေဖြင့် ဦးဆောင်ရန် အသင့်ရှိကြောင်း ပြောကြားထားသည်။

"အီရန်ပြည်သူအများအပြားဟာ သေနတ်ကျည်ဆန်တွေကို ရင်ဆိုင်နေရတဲ့ကြားကပဲ ဒီအသွင်ကူးပြောင်းရေးကို ဦးဆောင်ပေးဖို့ ကျွန်တော့်ကို တောင်းဆိုခဲ့ကြပါတယ်။ သူတို့ရဲ့ ရဲစွမ်းသတ္တိကို ကျွန်တော် အံ့ဩလေးစားမိသလို သူတို့ရဲ့ တောင်းဆိုမှုကိုလည်း ကျွန်တော် လက်ခံထားပါတယ်" ဟု ပါလဗီက ရေးသားထားသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/01/83386

Comments

Be the first to add a comment