အမေရိကန်နည်းပညာကုမ္ပဏီကြီး Apple က အမေရိကန်ဈေးကွက်အတွက် iPhone အားလုံး တပ်ဆင် ထုတ် လုပ်မှုကို အိန္ဒိယ၌ ပြောင်းရွှေ့ထုတ်လုပ်ရန် စီစဉ်နေသည်ဟု သိရပြီး ကုမ္ပဏီအနေဖြင့် ဒေါ်နယ်ထရမ့်၏ ကုန်သွယ်ရေးစစ်အကြား အဓိကထုတ်လုပ်မှုအခြေခံနေရာအဖြစ် တရုတ်အပေါ် မှီခိုရမှုကို လျှော့ချရန် ကြိုးပမ်းလာခြင်း ဖြစ်သည်။

ဈေးကွက်တန်ကြေး ဒေါ်လာ သုံးထရီလီယံ (စတာလင်ပေါင် ၂ ဒသမ ၃ ထရီလီယံ) ရှိ နည်းပညာကုမ္ပဏီကြီးသည် အဆိုပါ အပြောင်းအလဲကို အစောဆုံးအားဖြင့် လာမည့်နှစ်တွင် လုပ်ဆောင်ရန် ရည်မှန်းထားကြောင်း Financial Times က ဖော်ပြသည်။ Read more: ttps://bur.mizzima.com/2025/04/27/54493

2 comments

မျိုးချစ် မြန်မာ
ချချ
DawnawHsihsi(dawnawhsihsi)