ကာလီမန်တန်တွင် တရုတ် ရင်းနှီးမြှုပ်နှံမှုများက အင်ဒိုနီးရှား၏ သယံဇာတကို မည်သို့မည်ပုံ ခ
KIPI ကို တရုတ်-အင်ဒိုနီးရှား ဆက်ဆံရေးအတွက် အဓိကစီမံကိန်းအဖြစ် ရှုမြင်ထားကာ ပြီးခဲ့သည့်နှစ်က ပေကျင်း၌ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဝီဒိုဒိုတို့ တွေ့ဆုံခဲ့သည့်နောက် နက်ရှိုင်းသော ကျယ်ပြန့်သည့် မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲထုတ်ပြန်ချက်၌ အထူးပြု ရည်ညွှန်းဆိုထားရာ စီမံကိန်းလည်း ဖြစ်သည်။ KIPI ၌ တရုတ်၏ ပါဝင်မှုသည် အင်ဒိုနီးရှား၏ ကြွယ်ဝသော သဘာဝသယံဇာတများကို ရရှိရေး အာမခံနိုင်ရန် ကျယ်ပြန့်သည့် မဟာဗျူဟာ တစိတ်တပိုင်းဖြစ်ကာ အထူးသဖြင့် ရပ်ဝန်းနှင့် လမ်းပိုင်းစီမံကိန်းကြီး BRI ၏ မာတိကာအောက်၌ ဖြစ်သည်။ Tsingshan Holding Group နှင့် Taikun Petrochemical တို့အပါအဝင် တရုတ်ကုမ္ပဏီများသည် စီမံကိန်း၌ ကြီးကြီးမားမား ရင်းနှီးမြုပ်နှံနေပြီး ရှေ့ဆက်နိုင်ရေးအတွက် လိုအပ်သော တွန်းအားဖြစ်သည့် ငွေကြေးခွန်အားများ ပေးနေသည်။ သို့ရာတွင် တရုတ် ငွေလုံးငွေရင်းများ စီးဝင်မှုက စီးပွားရေး ကြီးစိုးခြယ်လှယ်မှုနှင့် ပြည်တွင်း အချုပ်အခြာပိုင်မှု တစစ လျော့ပါးခြင်းတို့အတွက် စိုးရိမ်ပူပန်မှုများ ကြီးထွားလာခြင်းတို့ ဦးတည်နေတော့သည်။အပြည်အစုံဖတ်ရန် >> https://ift.tt/0YSzjHm---------------------------------------Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatvလွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://ift.tt/s8x13fP
https://ift.tt/pqMXrYu

Comments

Be the first to add a comment