စစ်ပွဲပိုကြာမည်ကို စိုးရိမ်သော်လည်း တီဟီရန်အနေဖြင့် အပစ်အခတ်ရပ်စဲရေး သို့မဟုတ် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို လုပ်ဆောင်ရန် ရည်ရွယ်ချက်မရှိကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရတ်ချီက ပြောကြားခဲ့သည်။

"ကျွန်တော်တို့ အမေရိကန်နဲ့ နှစ်ကြိမ်တိုင်တိုင် ဆွေးနွေးခဲ့ဖူးပေမယ့် သူတို့က ဆွေးနွေးပွဲလုပ်နေတုန်းမှာပဲ ကျွန်တော်တို့ကို တိုက်ခိုက်ခဲ့တာကြောင့် သူတို့နဲ့ ထပ်ပြီးဆွေးနွေးစရာ အကြောင်းမရှိပါဘူး။ ကျွန်တော်တို့ဘက်က အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုတာမျိုး မရှိသလို အမေရိကန်နဲ့ ဆွေးနွေးဖို့ တောင်းဆိုတာမျိုးလည်း မရှိပါဘူး" ဟု အာရတ်ချီက ဆိုသည်။

ပင်လယ်ကွေ့နိုင်ငံများက ၎င်းတို့၏ ဝေဟင်ပိုင်နက်နှင့် နယ်မြေများကို အီရန်အား တိုက်ခိုက်ရာတွင် အသုံးပြုခွင့်ပေးမည်မဟုတ်ကြောင်း ယခင်က ကြေညာထားသော်လည်း အီရန်၏ လက်တုံ့ပြန်တိုက်ခိုက်မှုကို ခံနေကြရသည်။ အီရန်က ဒေသတွင်းရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ ပစ္စည်းများကိုသာမက လေဆိပ်များနှင့် ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်များ အပါအဝင် အရပ်ဘက်နှင့် စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများကိုပါ ပစ်မှတ်ထားခဲ့သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/07/84126

Comments

Be the first to add a comment