စစ်မက်ပဋိပက္ခအတွင်း စီးပွားရေးအရ မှီခိုနေရမှု၊ မဟာဗျူဟာမြောက် အခြေခံ အဆောက်အအုံ စီမံကိန်းများနှင့် နက်ရှိုင်းသော ယဉ်ကျေးမှုဆိုင်ရာ ကွဲပြားမှုများ ပေါင်းဆုံနေသည်ကို မြင်နေတွေ့နေရပေသည်။ ဤ အကျပ်အတည်းတွင် တရုတ် ပါဝင်နေသည့် အခန်းကဏ္ဍက 'စွမ်းအင်' သာလျှင် ဖြစ်သည်။ တရုတ်က အီရန်ရေနံစိမ်းကို အဓိက ဝယ်ယူသုံးစွဲသူအဖြစ် ဆက်ရှိနေပြီး၊ အီရန်၏ ရေနံတင်ပို့မှု အများစုမှာ တရုတ်ဆိပ်ကမ်းများသို့ စီးဆင်းနေသည်။ ဤသည်မှာ ရိုးရှင်းသော ကုန်သွယ်မှုထက် ပိုပြီး အီရန်အစိုးရကို နှစ်ပေါင်းများစွာ နိုင်ငံတကာ၏ ဖယ်ကြဉ်ခြင်းကို ကြံ့ကြံ့ခံနိုင်အောင် အသက်ဆက်ပေးနေခြင်းပဲ ဖြစ်သည်။
အီရန်စစ်ပွဲသည် အာဏာရှင်အစိုးရများက ကမ္ဘာ့ကုန်သွယ်ရေး၏ အဓိက သွေးကြောများကို ထိန်းချုပ်ထားသည့် ကမ္ဘာကြီး၏ အားနည်းချက်ကို ဖော်ထုတ်ပြသခဲ့သည်။ အီရန်အပေါ် တရုတ်၏ အကာအကွယ် ပေးမှုသည် မိမိတို့၏ သာယာဝပြောရေးကို တိုက်ရိုက် ခြိမ်းခြောက်နေကြောင်း သိမှတ်ထားရလိမ့်မည် ဖြစ်သည်။ ထို အချက်မှာ ရေနံစီးဆင်းမှုအတွက်သာ မဟုတ်ဘဲ အာရှအလယ်ပိုင်းကို မည်သူ ထိန်းချုပ်မည်၊ Read more:
https://bur.mizzima.com/2026/03/12/84644