ဧပြီ ၁၁ ရက်နေ့မှာ ပထမဆုံး ချန်ပီယံကာကွယ်ပွဲအဖြစ် တိုင်ရာနဲ့ ထိုးသတ်ရမယ့် ဂျော့ရှုဝါဗန်

Yahoo Sports

UFC သမိုင်းရဲ့ ဒုတိယမြောက် အသက်အငယ်ဆုံး ဖလိုင်းဝိတ်ချန်ပီယံခါးပတ်ပိုင်ရှင် ဂျော့ရှုဝါဗန် ဟာ သူ့ရဲ့ ပထမဆုံးသော ချန်ပီယံကာကွယ်ပွဲအဖြစ် ဂျပန်ဖိုက်တာ တက်ဆူရို တိုင်ရာနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က ဟူစတန်မြို့မှာ ပြုလုပ်ခဲ့တဲ့ UFC Q&A အစီအစဉ်မှာ ဗန်က “ကျွန်တော် တက်ဆူရိုတိုင်ရာ နဲ့ ပွဲဖြစ်ထားပြီ” လို့ ပရိသတ်တွေကို အတည်ပြု ပြောကြားခဲ့ပါတယ်။ အဲ့ဒီနောက် တရက်အကြာမှာတော့ UFC က အဆိုပါပွဲစဉ်ကို ဧပြီလ ၁၁ ရက်နေ့၊ မိုင်ယာမီမြို့မှာ ကျင်းပမယ့် UFC 327 မှာ ထည့်သွင်းထားကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။ Read more: https://bur.mizzima.com/2026/02/23/82778

Comments

Be the first to add a comment