“လက်ရှိ ကမ္ဘာ့ပထဝီနိုင်ငံရေး အခြေအနေဟာ မြန်မာနိုင်ငံနဲ့ တခြားဒေသတွေမှာ လူ့အခွင့်အရေး တိုးတက်လာစေဖို့အတွက် အထောက်အကူ မပြုသလောက် ဖြစ်နေပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ ကျော်က ကုလသမဂ္ဂကို စတင်တည်ထောင်ခဲ့တဲ့ အခြေခံမူတွေဟာလည်း ပြင်းထန်တဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။” ဟု အန်ဒရူးက ဆိုသည်။

နိုင်ငံတကာ၏ ဖိအားများ လျော့နည်းလာခြင်းနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေများ လျော့ပါးလာခြင်းတို့ကြောင့် အကြမ်းဖက်မှုနှင့် ချို့တဲ့နွမ်းပါးမှုဒဏ်ကို ခံစားနေရပြီးဖြစ်သော မြန်မာပြည်သူများအတွက် ပျက်စီးဆုံးရှုံးမှုကြီးမားသော နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ကြောင်းလည်း အန်ဒရူးက သတိပေးထားသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ကုလကျွမ်းကျင်သူ
#အလှည့်အပြောင်းကာလ
#မြန်မာ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews

Comments

Be the first to add a comment