Mizzima
ထို မဟာဗျူဟာမှာ မိတ်ဖက်နိုင်ငံများ ကျယ်ပြန့်စုံလင်အောင် ထားရှိခြင်းဖြင့် တရုတ်နိုင်ငံအပေါ်တွင် စီးပွားရေးအရ ဟန်ချက်ညီအောင် လုပ်ဆောင်ရေး ဖြစ်သည်။ တိုးတက်မှုနှုန်း မြန်ဆန်သော မဟာ မိတ် ဗီယက်နမ်ထံမှ ရင်းနှီးမြှုပ်နှံမှုများကို လာအိုက ပိုမိုရှာဖွေလာပြီး ရုရှားနှင့်လည်း ဆက်ဆံရေး ပြန်လည် အသက်သွင်းလျက်ရှိရာ၊ မော်စကိုတွင် ကျယ်ပြန့်သော သဘောတူညီချက် ခုနစ်ခုနှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု လမ်းပြမြေပုံကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။
လာအိုအနေဖြင့် ထို မူဘောင်ချမှတ် ချည်းကပ်မှုများအားဖြင့် တရုတ်နှင့် အမှန်တကယ် လမ်းခွဲနိုင်ခြင်း ရှိ၊ မရှိက မေးခွန်းထုတ်စရာ ဖြစ်လာသည်။ ၂၀၂၄ ခုနှစ်တွင် လာအိုသို့ ဝင်ရောက်သော နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု၏ ၆၆ ရာခိုင်နှုန်းခန့်မှာ တရုတ်နိုင်ငံမှပဲ ဖြစ်၍ စီးပွားရေးအရ တရုတ်အပေါ် မှီခိုရမှု ပိုမို နက်ရှိုင်းစေကာ ပိုမို ပွင့်လင်းမြင်သာပြီး တာဝန်ယူမှုရှိသော အုပ်ချုပ်မှုစနစ်သို့ ပြုပြင်ပြောင်းလဲလိုသည့် LPRP အတွက် ပို၍ စိန်ခေါ်မှု ဖြစ်စေသည်။
လက်တွေ့ကျသော နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို ဆိုရှယ်လစ်မူဝါဒများနှင့် ပေါင်းစပ်ထားသည့် လာအို၏…
Comments
Be the first to add a comment