ချန်ပီယံလိဂ် Play-off အဆင့်မှာ မန်စီးတီးနဲ့ ရီးယဲလ် တွေ့ဆုံ

သောကြာနေ့က ပြုလုပ်ခဲ့တဲ့ မဲခွဲမှုအရ လက်ရှိ ချန်ပီယံ ရီးယဲလ်မက်ဒရစ်တို့ဟာ ၂၀၂၃ ချန်ပီယံ မန်ချက်စတာစီးတီးနဲ့ ဒီရာသီ ချန်ပီယံလိဂ် ရှုံးထွက် play-off အဆင့်မှာ ထိပ်တိုက်တွေ့ဆုံနေပါတယ်။

ဒီအသင်းနှစ်သင်းဟာ ရှုံးထွက်အဆင့်တွေမှာ လေးကြိမ်မြောက် ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ပြီးခဲ့တဲ့ရာသီက ကွာတားဖိုင်နယ်မှာ ပင်နယ်တီအဆုံးအဖြတ်နဲ့ ရီးယဲလ်မက်ဒရစ်က အနိုင်ရရှိခဲ့ပါတယ်။

UEFA ချန်ပီယံလိဂ် ရှုံးထွက် play-off အဆင့် မဲခွဲမှုရလဒ်များ

ဘရက်စ် v PSG
မန်စီးတီး v ရီးယဲလ်မက်ဒရစ်
မိုနာကို v ဘင်ဖီကာ
ဆဲလ်တစ် v ဘိုင်ယန်မြူးနစ်
ဘရုဂေး v အတ္တလန်တာ
ဂျူဗင်တပ်စ် v PSV
စပို့တင်းလစ္စဘွန်း v ဒေါ့မွန်
ဖီယင်နု v အေစီမီလန်
ကစားသွားကြမယ့် ပွဲရက်များ
ရှုံးထွက် play-off အဆင့် - ဖေဖော်ဝါရီ ၁၁-၁၂ (ပထမအကျော့) နှင့် ဖေဖော်ဝါရီ ၁၈-၁၉ (ဒုတိယအကျော့)


(Photo: AFP)

Comments

Be the first to add a comment