ယူကရိန်းစစ်ပွဲသည် သံတမန်ရေးရာ ကြိုးပမ်းမှုများရှိနေသော်လည်း အရှေ့အလယ်ပိုင်းတွင် အလားတူ ပဋိပက္ခများဖြစ်ပွားနေခြင်းကြောင့် မကြာမီကာလအတွင်း အဆုံးသတ်နိုင်ခြေမရှိသေးကြောင်း လုံခြုံရေး ဆိုင်ရာ ကျွမ်းကျင်သူတဦးက သုံးသပ်ပြောကြားလိုက်သည်။

ယူကရိန်းက စစ်ပွဲအတွင်း မဟာဗျူဟာမြောက် အသာစီးရမှုများကို တည်ဆောက်ထားနိုင်ခဲ့သဖြင့် ရုရှားနှင့် ဆွေးနွေးရာတွင် အလျော့ပေးမည့် အလားအလာမရှိကြောင်း ကမ္ဘာ့လုံခြုံရေးဆိုင်ရာ မဟာမိတ်အဖွဲ့ကို တည်ထောင်သူ ဂျော့ရှ်ရှဝါ ဘာဂင်က TVP World သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/08/84205

#ယူကရိန်းစစ်ပွဲ
#ရုရှား
#ကျွမ်းကျင်သူ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews

Comments

Be the first to add a comment