"တပ်မတော်နေ့" အခမ်းအနားများတွင် ဗိုလ်ချုပ်ဇော်မင်းထွန်း ပျောက်ဆုံးနေမှုအပေါ် မေးခွန်းထုတ်မှုများ မြင့်တက်နေ

001 ၊ ယမင်းဖူးပွင့်အောင်

မဇ္ဈိမ ။ ။ စစ်တပ်၏ အဓိကအခမ်းအနားဖြစ်သော တပ်မတော်နေ့တွင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း တက်ရောက်ခြင်းမရှိသည်ကို တွေ့ရသဖြင့် ၎င်းအား ရာထူးမှ ဖယ်ရှားလိုက်ပြီဟူသော သတင်းများ ပိုမိုကျယ်လောင်လာနေသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းသည် ယနေ့ ( မတ်လ ၂၇ ရက် ) ညနေက ပြုလုပ်သော စစ်ရေးပြအခမ်းအနားတွင် သာမက ယမန်နေ့ညက ပြုလုပ်ခဲ့သည့် အကြိုညစာစားပွဲနှင့် အငြိမ်းစားအရာရှိကြီးများအား တွေ့ဆုံပွဲများတွင်ပါ ပျောက်ကွယ်နေခဲ့ခြင်း ဖြစ်သည်။

ပြန်ကြားရေး ဒုတိယဝန်ကြီးလည်းဖြစ်သူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို "အကျင့်ပျက်ခြစားမှု" အပါအဝင် မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သော အကြောင်းကိစ္စများဖြင့် ရာထူးမှ ဖယ်ရှားလိုက်သည်ဟူသော ကောလာဟလများ ယမန်နေ့ကတည်းက ထွက်ပေါ်နေခဲ့ရာ အစဉ်အလာအားဖြင့် ၎င်း၏ရုပ်ပုံများ လွှမ်းမိုးနေတတ်သော အခမ်းအနားများတွင် မတွေ့ရခြင်းက အဆိုပါသတင်းများကို ပိုမိုခိုင်မာစေသည့် အချက်တခု ဖြစ်လာခဲ့သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ရာထူးအပြောင်းအလဲနှင့်…

Comments

Be the first to add a comment