၂၀၂၅ မေလ၌ ထရမ့်က ထုတ်ပြောခဲ့သော Golden Dome စနစ်သည် အသံထက် ငါးဆမက မြန်နှုန်းရှိသည့် ဟိုက်ပါဆိုးနစ်ဒုံးကျည်များကို အာကာသအတွင်း ပျံသန်းနေစဉ်အတွင်း ထောက်လှမ်းဖျက်ဆီးရန် ရည်ရွယ်ပြီး စုစုပေါင်းကုန်ကျစရိတ် ဒေါ်လာ ၁၇၅ ဘီလီယံခန့် ရှိမည်ဟု ခန့်မှန်းရသည်။

တာကာအီချီက ကာကွယ်ရေးကဏ္ဍအပြင် ဂျပန်နိုင်ငံ၏ ရေနံထောက်ပံ့မှု ၉၀ ရာခိုင်နှုန်းခန့်မှာ အရှေ့အလယ်ပိုင်းအပေါ် မှီခိုနေရသဖြင့် ထိခိုက်လွယ်သော အခြေအနေကို ထောက်ပြပြီး အလာစကာမှ ရေနံစိမ်းဝယ်ယူရေး ဆွေး နွေးရန် စီစဉ်ထားကြောင်း သိရသည်။ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ကျော်ပြီး အလာစကာမှ သယ်ယူပို့ဆောင်ခြင်းသည် အရှေ့အလယ်ပိုင်း လမ်းကြောင်းများနှင့် နှိုင်းယှဉ်ပါက ပို့ဆောင်ချိန် တပတ်နီးပါး သက်သာမည် ဖြစ်သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အမေရိကန်
#Golden_Dome
#ဒုံးကာစနစ်
#ဂျပန်
#မျှော်လင့်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-------------------------------------------

Comments

Be the first to add a comment