အာဖဂန်နစ္စတန်မှာ ပင်လယ်ထွက်ပေါက် မရှိသော နိုင်ငံဖြစ်ပြီး သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများက ပါကစ္စတန်၊ အီရန်နှင့် ဗဟိုအာရှနိုင်ငံများမှတဆင့် ဖြစ်သည်။

ထို လမ်းကြောင်းများအနက် ပါကစ္စတန်ရှိ လမ်းကြောင်းမှာ အချက်အချာကျဆုံးဖြစ်ရာ အာဖဂန်အစိုးရတိုင်းက အိန္ဒိယ-အာဖဂန် ကုန်သွယ်မှုကို ပါကစ္စတန်၏ ဝါဂါနယ်စပ်မှတဆင့် လမ်းကြောင်းဖွင့်ပေးရန် လိုလားသော်လည်း ပါကစ္စတန်က အိန္ဒိယကုန်စည်နှင့် အကူအညီများ ဖြတ်သန်းခွင့်ကို ခေါင်းမာစွာ ငြင်းဆိုနေခြင်းကြောင့် အာဖဂန်အတွက် အခဲမကျေနိုင်စရာ ဖြစ်စေသည်။

ဆိုဗီယက်ကို တော်လှန်သည့် စစ်ပွဲအတွင်း အာဖဂန်ဒုက္ခသည်များနှင့် မူဂျာဟစ်ဒင်အဖွဲ့များကို ပါကစ္စတန်က လက်ခံကူညီပေးခဲ့ခြင်းကို စိတ်ထဲ စွဲမှတ်ထားသည်။ ၎င်းတို့သာ မကူညီပါက အာဖဂန်မှာ ဆိုဗီယက်လက်အောက် လုံးလုံးလျားလျား ရောက်သွားမည်ဟု ၎င်းတို့က ယူဆထားသည်။

အမေရိကန်ကို တာလီဘန်များ အနိုင်ရခြင်းတွင်လည်း ၎င်းတို့ အကူအညီကြောင့်ဟု ပါကစ္စတန်က ယူဆထားသဖြင့် အာဖဂန်အစိုးရနှင့် ပြည်သူများက ၎င်းတို့အပေါ် ကျေးဇူးတင်သင့်သည်ဟု စိတ်စွဲထားကြသည်။

အခြားတဖက်တွင်မူ အာဖဂန်များက ပါကစ္စတန်၌ ၎င်းတို့အပေါ် ဆက်ဆံပုံများကို နာကြည်းနေကြပြီး…

Comments

Be the first to add a comment